မနက်ဖြန်ဆိုတာ
တမိုးကုန်ခဲ့ပြီ
တဆောင်းနှောင်းလို့
တနွေကူးတော့မယ်
ရင်ထဲမှာ တလှပ်လှပ်နဲ့။
တသွင်သွင်စီးဆင်းနေတဲ့
စမ်းချောင်းတွေ
တဖြေးဖြေး နှေးလာတော့မယ်
တချို့မှာတော့
ရပ်တန့်ကုန်ကြပြီ။
သစ်ရွက်လေးတွေ
အစိမ်းရောင်ကနေ
အဝါရောင်ဘက်
ပြောင်းလဲနေကြပြီ
သစ်ရွက်အချို့မှာတော့
မြေပြင်ပေါ် ကြွေခ ကြရရှာပြီ။
တချို့အပင်တွေဆိုရင်
သစ်ရွက်ဆို ဗလာနတ္ထိ
ရိုးတံကျဲကျဲသာ ကျန်တော့လေရဲ့။
အင်းလေ...
ရွက်သစ်လေးတွေ ဝေဆာဖို့အတွက်
ရွက်ဟောင်းတို့ ကြွေရစမြဲပါပဲ။
မြောက်ပြန်လေ
တဟူးဟူး တိုက်နေတယ်
သစ်ရွက်ခြောက်တို့
တလွင့်လွင့်နဲ့
လေနှင်ရာ မျောနေလေရဲ့။
ဟိုး...ခပ်လှမ်းလှမ်းဆီမှ
ချိုးကူသံ သဲ့သဲ့နဲ့
ဥသြတွန်သံ
မကြားတချက် ကြားတချက်
တဒင်္ဂ
အတွေးများထဲ နစ်မျောသွားတာပေါ့။
သြော်...
မနက်ဖြန်ဆိုတာ...
feb 16, 2022
လီလီ။
တဆောင်းနှောင်းလို့
တနွေကူးတော့မယ်
ရင်ထဲမှာ တလှပ်လှပ်နဲ့။
တသွင်သွင်စီးဆင်းနေတဲ့
စမ်းချောင်းတွေ
တဖြေးဖြေး နှေးလာတော့မယ်
တချို့မှာတော့
ရပ်တန့်ကုန်ကြပြီ။
သစ်ရွက်လေးတွေ
အစိမ်းရောင်ကနေ
အဝါရောင်ဘက်
ပြောင်းလဲနေကြပြီ
သစ်ရွက်အချို့မှာတော့
မြေပြင်ပေါ် ကြွေခ ကြရရှာပြီ။
တချို့အပင်တွေဆိုရင်
သစ်ရွက်ဆို ဗလာနတ္ထိ
ရိုးတံကျဲကျဲသာ ကျန်တော့လေရဲ့။
အင်းလေ...
ရွက်သစ်လေးတွေ ဝေဆာဖို့အတွက်
ရွက်ဟောင်းတို့ ကြွေရစမြဲပါပဲ။
မြောက်ပြန်လေ
တဟူးဟူး တိုက်နေတယ်
သစ်ရွက်ခြောက်တို့
တလွင့်လွင့်နဲ့
လေနှင်ရာ မျောနေလေရဲ့။
ဟိုး...ခပ်လှမ်းလှမ်းဆီမှ
ချိုးကူသံ သဲ့သဲ့နဲ့
ဥသြတွန်သံ
မကြားတချက် ကြားတချက်
တဒင်္ဂ
အတွေးများထဲ နစ်မျောသွားတာပေါ့။
သြော်...
မနက်ဖြန်ဆိုတာ...
feb 16, 2022
လီလီ။