Posts

🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

မစားဖြစ်လိုက်သော အမဲသားကင် (သို့) ဟိုတယ်မှာ တစ်ညတာ တည်းခိုခြင်း

အချိန်ကား တိုင်းပြည် coup လုပ်ခံရပြီး (၅)လဝန်းကျင် အကြာ။ 'Minty'ရယ်၊ ကျွန်တော်ရယ် ခရီးတစ်ခုကနေ ရန်ကုန်ကို ပြန်လာကြတယ်။ 'Shaw'လည်းပဲ ခရီးတစ်ခုကနေ ပြန်ရောက်လာတယ်။ ပြန်မလာခင် သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ပြီး သူ့ဆီမှာ (၃)ညလောက် တည်းဖို့ ပြောထားလိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်က နေ့ပိုင်းလောက် ရောက်တယ်။ 'Shaw'က ညနေလောက်မှ ရောက်လာခဲ့တယ်။ မတွေ့ဖြစ်ကြတဲ့နောက်ပိုင်း အချိန်တွေအကြောင်း စကားတွေ ပြောကြတယ်။ သူငယ်ချင်းကလည်း အစားသောက်အတွက် အဆင်ပြေအောင် စီစဥ်ချက်ပြုတ်ပေးတယ်။ တိုက်ခန်းမှာနေတဲ့

မနက်ဖြန်ဆိုတာ

တမိုးကုန်ခဲ့ပြီ တဆောင်းနှောင်းလို့ တနွေကူးတော့မယ် ရင်ထဲမှာ တလှပ်လှပ်နဲ့။ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းတွေ တဖြေးဖြေး နှေးလာတော့မယ် တချို့မှာတော့ ရပ်တန့်ကုန်ကြပြီ။ သစ်ရွက်လေးတွေ အစိမ်းရောင်ကနေ အဝါရောင်ဘက် ပြောင်းလဲနေကြပြီ သစ်ရွက်အချို့မှာတော့ မြေပြင်ပေါ် ကြွေခ ကြရရှာပြီ။ တချို့အပင်တွေဆိုရင် သစ်ရွက်ဆို ဗလာနတ္ထိ ရိုးတံကျဲကျဲသာ ကျန်တော့လေရဲ့။ အင်းလေ... ရွက်သစ်လေးတွေ ဝေဆာဖို့အတွက် ရွက်ဟောင်းတို့ ကြွေရစမြဲပါပဲ။ မြောက်ပြန်လေ တဟူးဟူး တိုက်နေတယ် သစ်ရွက်ခြောက်တို့ တလွင့်လွင့်နဲ့ လေနှင်ရာ မျောနေလေရဲ့။ ဟိုး...ခပ်လှမ်းလှမ်းဆီမှ ချိုးကူသံ သဲ့သဲ့နဲ့ ဥသြတွန်သံ မကြားတချက် ကြားတချက် တဒင်္ဂ အတွေးများထဲ နစ်မျောသွားတာပေါ့။ သြော်... မနက်ဖြန်ဆိုတာ... feb 16, 2022 လီလီ။

နိမိတ်ပြခြင်းလား၊ တိုက်ဆိုင်ခြင်းလား

၂၀၂၃ ဇန်နဝါရီ (၂၂)ရက်နေ့မှာ အလုပ်ကိစ္စအတွက် ကျွန်တော်တို့တစ်စု ကားနဲ့ ခရီးသွားကြတယ်။ ကျွန်တော်က ကားမူးတတ်တာကြောင့် ရှေ့ခန်းမှာ မစီးဘဲ ကားနောက်ခွက် ဘောင်ပေါ်မှာ ထိုင်လိုက်လာတယ်။ လမ်းတလျှောက် ကျောက်ခဲတွေ၊ ချိုင့်ခွက်တွေရှိတော့ ကားက ကဆုန်ပေါက်သလို ဖြစ်နေတယ်။ တစ်ကြိမ်တစ်ခါမက လူပါမြောက်သွားတာလည်း ရှိသည်။ သတိထားပြီးတော့ပဲ စီးလိုက်လာတယ်။ ကားနောက်ခွက်ထဲမှာလည်း အစားသောက်ပစ္စည်းတွေ၊ တခြားပစ္စည်းတွေရယ်နဲ့ဆိုတော့ အောက်ဆင်းထိုင်လို့လည်း အဆင်မပြေပြန်ဘူး။ (၄၅)မိနစ်အကြာလောက်မှာ ကတ္တရာလမ်းပေါ် ရောက်ပြီဆိုတော့

ဟင်းနုနွယ်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်အပါဝင် သူငယ်ချင်း သုံးယောက် အသိမိတ်ဆွေရှိတဲ့ ရွာတစ်ရွာသို့ ခရီးသွားခဲ့ကြသည်။ အဲ့ဒီနေ့က မိုးရွာနေခဲ့တယ်။ အသိဆိုသူကို ကျွန်တော်တို့တွေက ချစ်စနိုးနဲ့ ''ကိုချက်ကြီး''လို့ ခေါ်ကြသည်။ ကျွန်တော်တို့ကို ဆိုင်ကယ်နဲ့ လာကြိုပေးခဲ့တယ်။ ကျွန်တော်တို့သည် ရွာထဲမှာထက် လွတ်လပ်တဲ့နေရာလေးကို တည်းရတာ ပိုသဘောကျကြသည်။ ဆိုတော့ ကိုချက်ကြီးသည် သူ့ဦးလေးရှိတဲ့ လယ်စောင့်တဲကလေးဆီ ကျွန်တော်တို့ကို ခေါ်သွားခဲ့သည်။ မိုးဖွဲဖွဲလေးကျနေသည်။ ဆိုင်ကယ်လမ်းမပေါက်။ လယ်ကွင်းတွေကို ဖြတ်ပြီး ကုန်းကြောင်းလျှောက်ကြရသည်။ အဝေးကနေကြည့်လိုက်ရင် လယ်စောင့်တဲကလေးကို

ဇွန်းပျောက်ရှာခြင်း

မိခင်ကျောင်းတော်ကြီးသည် ကျွန်တော်တို့အတွက် ယာယီပိတ်လိုက်ပြီ ဖြစ်တာကြောင့် သူငယ်ချင်းတွေ နေထိုင်ရာအရပ်ဆီ အသီးသီးပြန်ကြတော့မည်။ တချို့အရင်ပြန်နှင့်ကြသည်။ ဘူလေးရယ်၊ ကျွန်တော်ရယ်၊ စုံတွဲ တစ်တွဲရယ်ကတော့ ညပိုင်း အဝေးပြေးကားနဲ့ ပြန်ကြသည်။ နေရပ်မပြန်ခင် ခရီးတထောက်အနေနဲ့ အသိရှိတဲ့ ရွာတစ်ရွာမှာ ခဏတာ ဝင်လည်ကြမယ်လို့ ကြိုတိုင်ပင်ထားကြသည်။ ကိုဗစ်ကာလရယ် နိုင်ငံအမှောင်ကျနေတဲ့အချိန်ကာလရယ်ဆိုတော့ ည(၁၀)နာရီကနေ မနက်(၄)နာရီအတွင်း သွားလာခွင့်တွေ ပိတ်ပင်ထားသည်။ အဝေးပြေးလမ်းမ တစ်နေရာမှာပဲ