🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

ခင်ဖုန်းသက်ဝေ

စိတ်ကူးချိုချိုမှာ
ခင်ဖုန်းသက်ဝေကို
ဂလယ်ရီ အလည်လိုက်ဖို့
ဝင်ရှာခဲ့သေးတယ်။

အရောင်းစာရေး ညီမလေးက
စကားချိုချိုနဲ့ ပြန်ပြောတယ်
ကုန်နေပါတယ်ရှင်တဲ့။

စိတ်ပျက်ပျက်နဲ့ စံရိပ်ငြီမ်မှာ
မာလာရှမ်းကော သွားစားကြတော့
မိုက်ကီက မေးတယ်
မင့်တီ အဆင်ပြေလားတဲ့။

မိုးထဲ၊ လေထဲ
ကားသံ၊ ခိုသံ ကြားမှာ
ကျနော် ညည်းတွား နေတာကော
ကြားရဲ့လား ခင်ဖုန်သက်ဝေ။

၃၇လမ်းက အဟောင်းဆိုင်တွေလဲ
ရောက်ခဲ့သေးတယ်။
ခင်များကို ကျနော် မတွေ့ဘူးဗျာ။

ကျနော်ကလည်း ကျနော်ပဲ
ခင်များ မရှိတော့မှာ ခင်များကို
အသည်းအသန် လိုက်ရှာနေမီတယ်။

ဘယ်တော့ပြန်လာမလဲ
ခင်ဖုန်းသက်ဝေ။
ကျနော် စောင့်နေမယ်နော်။


Get the ebook in PDF, KFX (Kindle) file formats.

Please kindly note that this contribution is made available with the sole intention of personal reference, and educational purposes and is not intended for commercial. No part of this publication may be reproduced, distributed, or used for any purpose other than personal reference without the express permission of the copyright owner. I encourage everyone to acknowledge and respect the author's creative and intellectual rights.