Posts



Showing posts with the label Beach

တွတ်ပီ

သူ့နာမည်က တွတ်ပီတဲ့။ ပိန်ပိန် သေးသေးလေး။ ကျနော် ငယ်ငယ်က အတိုင်းပဲ။ နာမည်အရင်းတော့ မသိတော့ဘူး။ တစ်ခါတော့ ကျနော်ကို ပြောဖူးတယ်။ ဒါပေမဲ့ မေ့သွားပြီ။ ဆိုတော့ သူ့သူငယ်ချင်းတွေ ခေါ်သလို ကျနော်လည်း တွတ်ပီပဲ ခေါ်တော့တယ်။ တွတ်ပီနဲ့ စသိတာ august 2021။ နိုင်ငံရေးအခြေအနေကြောင့် ကျောင်းတွေပိတ်ထားတော့ တွတ်ပီတို့တွေ လမ်းပျော် ဖြစ်နေခဲ့တဲ့ အချိန်တွေပေါ့။ တစ်ရက် ကျနော် ရေဆင်းကူးတော့ သူကို ကမ်းစပ်မှာ ကျနော့် စိတ်အထင် အရှည်သုံးတောင်လောက်ရှိမဲ့ ဖေါ့ပြားနဲ့ တစ်ယောက်ထဲ လိူင်းစီးနေတာတွေ့တယ်။ မိုးတွင်းကလ ဆိုတော့ လိူင်းတွေက ရှယ်ကြီးတာ။