ကြေကွဲလူငယ်လေးများ
လွမ်း...ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း.. ဆိုတဲ့ သီချင်းစာသားကို အဆိုတော် Jewel နဲ့အတူ ကျွန်တော်တို့နှစ်ယောက် မတိုင်ပင်ဘဲ လိုက်ဆိုမိတယ်။ ပြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဟားကြတာ။ ကျွန်တော်ထိုင်နေကျ စမ်းချောင်းက coffee ဆိုင်ကိုလာဖို့ သူ့ကို ဒီနေ့ချိန်းလိုက်တယ်။ အမှတ်တရတွေ့ပေါ့ကွာ၊ အမှတ်တရတွေ့ပေါ့ဆိုတဲ့ စကားလုံးတွေဟာ ကျွန်တော်တို့နှစ်ယောက် ပါးစပ်က မကြာခဏနဲ့ ဆက်တိုက်ဆိုသလို ပြိုင်တူ ထွက်လာတယ်။ သွားတိုက်တံလေး တစ်ချောင်းကနေ သွားကြားထိုးတံလေးကအစ ကျွန်တော်သိမ်းထားတာလို့ သူကဆိုပြန်တယ်။ သူ့ကောင်မလေးနဲ့ ပြတ်သွားပြီး အသည်းကွဲနေတဲ့