Posts

Showing posts with the label Burmese

စာအုပ်တွေ အကြောင်း

မြသန်းတင့်ရဲ့ “ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်” စာအုပ်ခေါင်းစဉ်နဲ့ ရင်းနှီးနေတာ တော်တော်ကြာပြီ။ အင်းဝစာအုပ်တိုက် ရောက်တိုင်း ဟိုဟို၊ ဒီဒီ ကြည့်ပြီဆိုရင် ဒီစာအုပ်နဲ့ အမြဲတိုးလေ့ရှိတယ်။ ဒါပေမဲ့ တစ်ခါမှ flip through the pages မလုပ်ဖြစ်ခဲ့ဘူး။ ခေါင်းစဉ်ကြောင့်လည်းပါတယ်။ ဓါးတောင်ကိုလည်းကျော်၊ မီးပင်လယ်ကိုလည်း ဖြတ်… ဟာ ဘာတွေလဲပေါ့။ မြန်မာစာပေတွေနဲ့ ရင်းနှီးတဲ့သူ၊ မြန်မာစာပေတွေဖတ်ပြီး ကြီးလာတဲ့သူတွေ အတွက် ဒီစာအုပ်ပေါ်မှာထားတဲ့ ကျနော့်ရဲ့ impression တွေဟာ ဟာသကောင်းတစ်ခုလို့ ဖြစ်နေလိမ့်မယ်။ Self-help စာပေတွေ မကြိုက်ဘူး။ ဖတ်လေ့လည်း မရှိဘူး။