🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

စာအုပ်တွေ အကြောင်း

မြသန်းတင့်ရဲ့ “ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်” စာအုပ်ခေါင်းစဉ်နဲ့ ရင်းနှီးနေတာ တော်တော်ကြာပြီ။ အင်းဝစာအုပ်တိုက် ရောက်တိုင်း ဟိုဟို၊ ဒီဒီ ကြည့်ပြီဆိုရင် ဒီစာအုပ်နဲ့ အမြဲတိုးလေ့ရှိတယ်။ ဒါပေမဲ့ တစ်ခါမှ flip through the pages မလုပ်ဖြစ်ခဲ့ဘူး။

ခေါင်းစဉ်ကြောင့်လည်းပါတယ်။ ဓါးတောင်ကိုလည်းကျော်၊ မီးပင်လယ်ကိုလည်း ဖြတ်… ဟာ ဘာတွေလဲပေါ့။ မြန်မာစာပေတွေနဲ့ ရင်းနှီးတဲ့သူ၊ မြန်မာစာပေတွေဖတ်ပြီး ကြီးလာတဲ့သူတွေ အတွက် ဒီစာအုပ်ပေါ်မှာထားတဲ့ ကျနော့်ရဲ့ impression တွေဟာ ဟာသကောင်းတစ်ခုလို့ ဖြစ်နေလိမ့်မယ်။

Self-help စာပေတွေ မကြိုက်ဘူး။ ဖတ်လေ့လည်း မရှိဘူး။ Forced motivations တွေပေးတယ်လို့ ခံစားရတာလည်းပါတယ်။ ဆိုတော့စာအုပ် ခေါင်းစဉ်ဖတ်ပြီး တိုးတက်ရေးစာအုပ် ဖြစ်မယ်လို့ assumption လုပ်ထားခဲ့တာ။ Never judge a book by its cover ဆိုတဲ့ စကားဟာ ဒီနေရာမှာ တော်တော်မှန်တယ်။ Assumption လုပ်ရတာ မကြိုက်တဲ့ ကျနော်တောင် ဒီစာအုပ်ရဲ့ fooled လုပ်တာခံရတာ။

ဒီစာအုပ် ဖတ်ဖို့ အကြောင်းဖန်လာတာကလည်း သူငယ်ချင်း တယောက်ကြောင့်ပဲ။ Covid ကာလမှာ ဖတ်ဖြစ်ခဲ့ပြီး၊ review လည်းရေးခဲ့တယ် တဲ့။ ကျနော်လည်း ဖတ်ကြည့်လိုက်တော့ ထင်ထား သလို တက်ကြမ်းစာပေ မဟုတ်ဘူးဆိုတာ သိလာတယ်။ ကိုယ်ကျိုးစွန့်၊ အနစ်နာခံသူတွေအတွက် dedicated လုပ်ထားတယ်လို့ စာရေးဆရာ မြသန်းတင့်က အမှာစာမှာရေးထားတယ်။

စာအုပ်ဖတ်ပြီး ကျနော်ခံစားမိတာကတော့

ကျနော်ဟာ ကိုနန္ဒနဲ့ တော်တော်တူတယ်ဆိုတာပါပဲ။ စာတတ်ပေတတ်၊ ကိုယ့်ကိုယ်ကို civilised ဖြစ်တယ်လို့ သက်မှတ်ထားတာလည်းတူတယ်။ အလုပ်အကိုင်မရှိ လေလွင့်နေတဲ့ လူတယောက် ဖြစ်နေပြန်တာလည်း အတူတူပဲ။ ပြီးတော့ ဘယ် အရာမဆို theoretical knowledge တွေပဲများပြီး ဘာကိုမှ practically apply မလုပ်တတ်တဲ့ လူတယောက်ဆိုတာလည်း ဟုတ်နေပြန်တယ်။

ခေတ်မီ၊ ဖွံ့ဖြိုး၊ တိုးတက်သော မိယန်မာနိုင်ငံတော်ကြီး ချီးတွင်းထဲကျပြီးနောက်

မြိတ်က ကျွန်းတစ်ကျွန်းမှာ သွားနေမယ်။ ဆလုံမ ယူမယ်။ ပင်လယ်ကို အိမ်လုပ်မယ်။ ခွေးတကောင် မွေးမယ်။ ရေငုပ်မယ်။ ငါးမျှားမယ်။ မိုးရာသီ ပင်လယ်ထဲ လိူင်းကြမ်း၊ လေထန် လာရင် ကျွန်းပေါ်တက်မယ်။ တဲထိုးနေမယ်…။

လို့ အသိတွေ၊ သူငယ်ချင်းတွေကို မူးလာရင်ပြောဖြစ်တယ်။ နားလည်းအေး။ ပါးလည်းအေး။ ဘယ်စောက်ဆရာကြီးတွေနဲ့မှ ဆွေးနွေး၊ ညှိနိုင်းနေစရာမလိုဘူးလို့။

ဂျပန်ခေတ်ကာလမှာ အုပ်ချုပ်ရေးပိုင်းကလား၊ နိုင်ငံရေးလှုပ်ရှားသူတယောက်လား၊ ဘာလားညာလားတော့ သေသေရှာရှာ၊ တိတိကျကျ တော့မသိတော့ဘူး။ ဒါပေမဲ့ ဘဲတစ်ဗွေ ၃ နှစ်ကျော်၊ ၄ နှစ်နီးပါးလောက် မြိတ်ကျွန်းစုက ကျွန်းတစ်ကျွန်းမှာ stay ရှောင်နေခဲ့တယ်လို့ ကြားမိ၊ မှတ်သားမိတယ်။ အဲ့ဘဲကို အားကျပြီး ချီးတွင်းကာလမှာ ဆလုံမယူပြီး ကျွန်းမှာနေဖို့ inspired ဖြစ်တာလည်း ပါတာပေါ့။

အခုတော့ စာအုပ်ဖတ်ပြီး ကျွန်းပေါ်ရောက်သွားရင် ငါအဆင်ပြေပါ့မလားလို့ လေးလေးနက်နက် စပြီး စဉ်းစားမိတယ်။ အစားအသောက်၊ အနေအထိုင်၊ သောက်ရေ၊ တစ်ကိုယ်သန့်ရှင်းရေးမှု စသည်ဖြင့် အစုံပါပဲ။ ဓါးတစ်ချောင်းနဲ့ လက်သည်းညှပ်တော့ ဘယ်သွားသွား ကိုယ်နဲ့ အမြဲဆောင်ထားရမယ်။ ကိုနန္ဒလို ခရီးသွားရင်း cast away ဖြစ်သွားရင် အသုံးဝင်လာမယ် မဟုတ်လား။

သံချောင်း character ကို သဘောကျတယ်။ စာရေး ဆရာကလည်း ရည်ရွယ်ချက် ရှိရှိနဲ့ mr perfect character ကို ဖန်တီးထားတာလည်းဖြစ်မယ်။ သူဆီက သင်ယူလိုက်ရတာတွေဟာ အများကြီးပဲ။ သံချောင်းနဲ့ ကိုနန္ဒဟာ အသက် အများကြီး မကွာဘူးထင်တယ်။ ကိုနန္ဒကို သုံးဆယ်ကျော်လို့ပြောထားတော့ အလွန်ဆုံးကွာ ၄–၅ နှစ် ထင်တာပဲ။

Formal education မရှိပေမဲ့ သံချောင်းရဲ့ လေ့လာသင်ယူမူစွမ်းရည်၊ လက်တွေ့အသုံးချနိုင်ပုံနဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်တွေဟာ university graduate တစ်ယောက်ဖြစ်တဲ့ ကိုနန္ဒထက် အများကြီးသာနေတယ်ဆိုတာ ငြင်းလို့မရဘူး။ Survival skills ရှိတာကိုလည်း လေးစား၊ အားကျတယ်။ အကြိုက်ဆုံးက သူ priorities ထားတတ်တဲ့ပုံပါပဲ။ Cast away ဖြစ်သွားပြီဆိုတာ သိပြီးနဲ့ ဘယ်လို survive လုပ်မလဲကို first priority အနေနဲ့ စပြီးစဉ်းစားတယ်။

ရောက်နေတဲ့ ကျွန်းရဲ့ ပထဝီအနေအထားနဲ့ ရင်းနှီးအောင်လုပ်တယ်။ ထိုင်ပြီး စိတ်ကူးယဉ်မနေဘူး။ လက်တွေ့ကျတယ်။ ပစ္စုပန် တည်တည် မှာနေတယ်။ လွင့်နေမဲ့ စိတ်တွေကို အလုပ်တစ်ခုရှာလုပ်ပြီး ထိန်းထားတယ်။ Hopeless situation မှာတောင် responsibility နဲ့ accountability ကို မပျောက်အောင် ထိန်းထားနိုင်တာတွေ့တယ်။

ချီးတွင်းထဲ ရောက်နေပြီ။ ဘာလုပ်လုပ် အဓိပ္ပါယ်ရှိလာမှာမဟုတ်ဘူး။ ဖြစ်သမျှအကြောင်းအကောင်းဆိုပြီး ရေစုံမျှောနေလိုက်တာပဲကောင်းမယ်လို့ တွေးနေတဲ့သူတွေကို purpose တစ်ခုရှာပြီး meaningful life တစ်ခုကို ဖန်တီးဖို့၊ ကိုယ့်အတွက် အကျိုးရှိတာကော၊ ကိုယ့် community လေးအတွက်လည်း အကျိုးရှိလာအောင် ပြုပြင်၊ ပြောင်းလဲ နေထိုင်ဖို့ သံချောင်းဟာ inspiration ပေးတယ်လို့ ခံစားမိတယ်။ Especially, for me ပေါ့။

နောက်ဆုံးတစ်ခုကတော့ ကိုယ်ကျိုးစွန့်ခြင်းပါပဲ။ သံချောင်းရဲ့ ကိုယ်ကျိုးစွန့်ခြင်းဟာ သူနေထိုင်ခဲ့တဲ့ community အတွက်တန်ဖိုးရှိခဲ့လား ဆိုတဲ့ မေးခွန်းကိုမေးမိတယ်။ ကျနော်တို့ နေ့စဉ်ဘဝမှာလည်း ယုံကြည်ရာအတွက် အများကောင်းမှုဆိုပြီး ကိုယ်ကျိုးစွန့်တဲ့ လူတွေရှိတယ်။ ရှိခဲ့တယ်။ သူတို့ရဲ့ စွန့်ခြင်းဟာ ဘာအရာကိုမှ အလေးမထား၊ ဟေး၊ ဟား လုပ်နေသူတွေအတွက် ဖြစ်နေတာပိုများတယ်လို့ ထင်မိတော့ တန်ရဲ့လားပေါ့။

ဒီစာအုပ်ကို နှစ်ကြိမ်ဖတ်ခဲ့တယ်။ အချို့အရာတွေ ကျနော့်အတွက် unfathomable ဖြစ်လို့။ တစ်ကြိမ်နဲ့ comprehension လုပ်ဖို့ ဉာဏ်မမှီတာလည်း ပါတာပေါ့။

နောက်တစ်အုပ်ကတော့ မစန္ဒာရဲ့ “ကွက်လေးဖြည့်ပေးပါ”။

ရသစာပေပါပဲ။ သူ့စာအုပ် နှစ်အုပ်လောက်ဖတ်ဖူးတယ်။ ငယ်သူမို့ မသိပါနဲ့ အရိပ်။ အရိပ်မှာ အောင်လင်းညို၊ ညီလင်းညို၊ အမာညို တို့ရဲ့ နွေးထွေးတဲ့ ချစ်စရာမိသားစုလေးကို ပုံဖော်ရေးဖွဲ့ထားတာကို သဘောကျမိတယ်။

ကွပ်လပ်လေးဖြည့်ပေးမှာတော့ အတူးဟာ main character ဇတ်လိုက်ပဲ။

အလတ်တွေဆိုတာ အမြဲလတ်နေတာတဲ့။

အတူးကို သနားပြီး အဆုံးမှာ မျက်ရည်ဝဲတယ်။ ဒီရက်ပိုင်း emotionally အရမ်း sensitive ဖြစ်နေတယ်လို့လည်း ကိုယ့်ကိုယ်ကို သတိထားမိနေတယ်။ အကြောင်းအရာတွေကို လိုက်ပြီးခံစားတယ်။ ဆွေးတယ်။ တွေးတယ်။ ငေးတယ်။ ငိုမိတယ်။

အတူးကြောင့် မျက်ရည်ကျချင်ပေမဲ့ ထိန်းလိုက်ရတယ်။ လက်ဖက်ရည်ဆိုင်ထဲမှာလေ။ ဟာ ဒီဘဲ မကြီးမငယ်နဲ့ မျက်ရည်တွေကျနေတယ်။ ရုပ်ဆိုးဆိုးနဲ့ ဘာတွေ feel နေပြန်လဲ မသိဘူးလို့ ဝေဖန်၊ လေကန်ခံရမှာ စိုးရိမ်တာလည်းပါတာပေါ့ဗျာ။