မန္တလေးသို့ အပြန်
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က Rosanna Ley ရဲ့ (Return to Mandalay) မန္တလေးသို့ အပြန်ဆိုတဲ့ စာအုပ်ကို သူငယ်ချင်းတစ်ယောက် recommend ပေးမူကြောင့်ဖတ်နေခဲ့တယ်။ တိုက်ဆိုင်စွာပဲ လီလီက ကျနော်တို့ မန္တလေးကို မမျှော်လင့်ပဲ ခရီးထွက်ခဲ့တာကို အမှတ်တရရှိနေကြောင်း messenger မှာ စာပို့ထားတယ်။ အတိတ်မှာမနေနဲ့ ပစ္စုပ္ပန်မှာနေလို့ ပညာရှိတွေက ဆုံးမကြတယ်။ ဒါပေမယ့် ပစ္စုပ္ပန်ဟာ စိတ်ညစ်စရာတွေများပြီ၊ လှမ်းမျှော်တိုင်း မောရသည့် အနာဂတ်တွေရှိနေတဲ့ ကျနော် အတွက် ပျော်ရွင်စရာ အမှတ်တရတွေပေါများတဲ့ အတိတ်သည် မကြာခဏ ဆိုသလို ပြန်လည်သွားလာနေချင်တဲ့