Posts

Showing posts with the label Satire

ငါတို့ “ခွဆွန့်” ငါတို့ပြန်ပေး

မမီယန်မာလို “ခွဆန်” လား၊ “ခွဆွန့်” လားဆိုပြီး အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေတဲ့ ပေါင်မုန့်တစ်မျိုးရှိတယ်။ “ခရုပတ်” လို့ မမီယန်မာမူပြုထားကြပေမဲ့ အဲ့ဒီနာမည်ကို တကယ်အသုံးပြုနေတဲ့သူကိုတော့ ကျနော့်ပတ်ဝန်းကျင်မှာ မတွေ့မိသေးဘူး။ အားလုံးနီးပါးကတော့ အခုအချိန်အထိ ကိုယ်သဘောကျတဲ့အသံနဲ့ပဲ ခေါ်နေကြတာပါပဲ။ မီယန်မာပြည်မှာ bakery ယဉ်ကျေးမှု ဘယ်အချိန်ကစပြီး ပေါ်ပြူလာဖြစ်လာလဲဆိုတာကို ကျနော် မသိဘူး။ ဒါပေမဲ့ “ခွဇမ်း” (မီယန်မာလို ငပိသံနဲ့ ပိပိသသ ထွက်ဆိုကြတာမျိုး) ကိုတော့ မြို့ကြီးတွေမှာရှိတဲ့ bakery နဲ့ café ဆိုင်တော်တော်များများမှာ လွယ်လင့်တကူ ဝယ်စားလို့ရတာကိုတော့ သေချာသိတယ်။