ငါတို့ “ခွဆွန့်” ငါတို့ပြန်ပေး

မမီယန်မာလို “ခွဆန်” လား၊ “ခွဆွန့်” လားဆိုပြီး အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေတဲ့ ပေါင်မုန့်တစ်မျိုးရှိတယ်။ “ခရုပတ်” လို့ မမီယန်မာမူပြုထားကြပေမဲ့ အဲ့ဒီနာမည်ကို တကယ်အသုံးပြုနေတဲ့သူကိုတော့ ကျနော့်ပတ်ဝန်းကျင်မှာ မတွေ့မိသေးဘူး။ အားလုံးနီးပါးကတော့ အခုအချိန်အထိ ကိုယ်သဘောကျတဲ့အသံနဲ့ပဲ ခေါ်နေကြတာပါပဲ။

မီယန်မာပြည်မှာ bakery ယဉ်ကျေးမှု ဘယ်အချိန်ကစပြီး ပေါ်ပြူလာဖြစ်လာလဲဆိုတာကို ကျနော် မသိဘူး။ ဒါပေမဲ့ “ခွဇမ်း” (မီယန်မာလို ငပိသံနဲ့ ပိပိသသ ထွက်ဆိုကြတာမျိုး) ကိုတော့ မြို့ကြီးတွေမှာရှိတဲ့ bakery နဲ့ café ဆိုင်တော်တော်များများမှာ လွယ်လင့်တကူ ဝယ်စားလို့ရတာကိုတော့ သေချာသိတယ်။ မနက်ခင်းတွေမှာ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်စားတတ်တဲ့ လူတွေရှိတယ်ဟုတ်။

ကျနော်ကိုယ်တိုင်လည်း မီယန်မာငွေ ငါးထောင်ငါးရာကျပ်လောက်နဲ့ Season ကနေ ဝယ်စားလာခဲ့တာဆိုရင် တူးသောင်ဇင်နှစ်ဆယ့်ငါးခုနှစ် ကတည်းကပဲ လို့ ဂုဏ်ယူစွာပြောပါရစေ။ အခုဆို “ခွဇမ်း” လေးဟာ ကျနော့်နေ့စဉ်ဘဝထဲကို တဖြည်းဖြည်း ဝင်လာတဲ့ အစိတ်ပိုင်းလေး တစ်ခုဖြစ်နေပြီ။

မမီယန်မာမှာ “လူအလို နတ်မလိုက်နိုင်” လို့ ပြောကြပေမဲ့ ကျနော်ကတော့ အင်္ဂလိပ်လို “the grass is always greener on the other side” လို့ ပြောချင်တယ်။ ဆိုင်တော့မဆိုင်ဘူး။ ဒါပေမဲ့ ဆိုင်တယ်ဗျာ။

မကြာသေးခင်က NHS မှာ ဆရာဝန်တစ်ယောက်အဖြစ်နဲ့ လုပ်နေတဲ့ မီယန်မာနိုင်ငံက influencer ညီလေး တစ်ယောက်ရဲ့ video clip တစ်ခုကို တွေ့လိုက်ရတယ်။ သူက Tesco က ready-made sandwich တွေကိုပဲ မနက်စာအဖြစ် စားရတာကြောင့် မီယန်မာမနက်စာတွေကို အရမ်းလွမ်းတဲ့ အကြောင်းပြောထားတာပါ။

အဲဒါကြည့်ပြီး ကျနော် ရယ်မိတယ်။ ဘာလို့လဲဆိုတော့ ကျနော်က မီယန်မာနိုင်ငံထဲမှာပဲ နေပြီး သူလွမ်းနေတဲ့ မနက်စာတွေကို လွယ်လင့်တကူ ရနိုင်ပေမဲ့ မစားဘူးလေ။

အကြောင်းကတော့ ဖင်ခေါင်း စတားတာ မဟုတ်ပါဘူး။ ကျနော့်ခန္ဓာကိုယ်က ဆီများတဲ့ အစားအစာတွေကို ဆန့်ကျင်လိုပါပဲ။ အကြော်တွေ၊ ဆီတွေနဲ့ပြည့်လျှံနေတဲ့ စမူဆာတွေ၊ အီကြာကွေးတွေကို စားမိတိုင်း လည်ချောင်းထဲမှာ grease ဖြစ်နေသလို ခံစားရပြီး ချောင်းတွေဆိုးတာ၊ ဆိုးတာဆိုတာ ဆေးလိပ်ကို မရပ်မနား သောက်ထားပြီး ချောင်းဆိုးတဲ့ လူတစ်ယောက်လိုပဲ။

မုန့်ဟင်းခါးကိုတော့ ကျနော် ကြိုက်ပါတယ်။ ဒါပေမဲ့ မနက်တိုင်းတော့ မစားနိုင်ဘူးလေ။ အိမ်ကဆင်းလာပြီးတဲ့နောက် ကျနော့်ရဲ့ အပျင်းထူနေထိုင်မှုဘဝနဲ့ အကိုက်ညီဆုံး မနက်စာတစ်ခုက “ခွဇမ်း” ဖြစ်လာပါပဲ။

“ခွဇမ်း” ကို ဓါးနဲ့ ဘေးကနေ ဖြဲမယ်။ ပြီးရင် အာဗိုကာဒို (Avocado) ထည့်စားလိုက်တာက ကျနော့်အတွက် အချိန်ကုန်သက်သာ၊ ပြင်ဆင်မှုလွယ်ကူပြီး၊ ကျမ်းမာရေးနဲ့လည်း ညီညွတ်တဲ့ မနက်စာတစ်ခု ဖြစ်နေတာလည်းပါတယ်ဗျာ။

အခုတော့ မနက်စာတစ်ခုအတွက် ဒီလို စိတ်အနှောက်အယှက် ဖြစ်ရမယ်ဆိုတာ မထင်ခဲ့ဘူး။

အခြေအနေက မတူတော့ဘူးဗျ။

တစ်နေ့က Season ကို ရောက်တယ်။ လကုန်ရက်နေ့ပေါ့။ လူတွေက တစ်ဆိုင်လုံးမှာ ရှိတဲ့ ပေါင်မုန့်တွေကို စစ်တပ် ဝင်စီးသွားသလို ဝယ်ယူသွားတာပဲ။ Shelves ပေါ်မှာလည်း ဘာမှာမကျန်တော့ဘူး။ ဒါမျိုးတွေကို ကျနော် အရင်ကလည်း မြင်ဖူးတယ်။ ဒါကြောင့် လကုန်ရက်တွေ စျေးဝယ်တာ ရှောင်တယ်။

ခက်တာက ကျနော် မနက်စာ “ခွဇမ်း” ကုန်နေတာဗျာ။

နောက်နေ့ ပြန်သွားတော့လည်း မရှိဘူးဗျ။ တစ်ခုမှ မကျန်ဘူး။ ဒါဟာ supply problem လား။ လကုန်ရက်ကြောင့်လား။

ဘာတွေဖြစ်နေလဲ။

ဒီရက်ပိုင်း ချီးတွင်းမှာ president ရွှေးချယ်မှုကစပြီး ကမ္ဘာအဆင့် Iran တိုက်ပွဲကနေ့ လကမ္ဘာကို ၁၀ရက် ခရီးထွက်နေ့တဲ့အထိ အမ္ဘာကြီးဟာ လှုပ်ရှားနေတယ်။

ချီးတွင်းမှာ ကိုယ်လှေကိုယ်ထိုးပြီး ဘာကိုမှာ စောက်ဂရုမစိုက်အားဖြစ်နေတဲ့ ရေပေါ်ဆီလူကလေး ကျနော်အတွက် အခုလောလောဆယ် လိုချင်တာကတော့ အရမ်းကို ရိုးရှင်းပါတယ်။

ငါတို့ “ခွဆွန့်” ငါတို့ပြန်ပေး။

ဒုန်း။ ဒုန်း။ ဒုန်း။