Posts

🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)
Showing posts with the label Stereotype

သဇင်ပန်းတွေ ပွင့်တဲ့ အရပ်မှာ ဖိနပ်ချွတ်ခိုင်းတော့

ဒီနေ့က ကျနော်မွေးနေ့ဗျာ။ ပုံမှန်ဆိုရင် မိသားစု၊သူငယ်ချင်းတွေနဲ့ ပျော်စရာအမှတ်တရတစ်ခု ဖန်တီးဖြစ်မယ်။ ဒါပေမဲ့ အခု မိုင်ပေါင်းများစွာ အဝေးတစ်နေရာကိုရောက်နေတော့ I will take things as they come လို့ပဲဆုံးဖြတ်ထားတယ်။ Today’s plan ကတော့ရှင်းပါတယ်။ အားလပ်ရက်မှာခရီးထွက်နေတော့ မနေ့က မသွားဖြစ်ခဲ့တဲ့ ဘုရားတွေ ဆီကို သွားမယ်။ နေဝင်ချိန်ကို ခံစားမယ်။ ပြီရင် local အရက်ဆိုင် တစ်နေရာကို သွားပြီး chill မယ်။ ဒါလောက်ပါပဲ။ ပထမဆုံး အနေနဲ့ the most famous five pagodas ထဲက တစ်ဆူ ကိုသွားတယ်။ ဘုရားရှေ့က ဆိုင်မှာ မုန့်ဖတ်သုပ်စားတယ်။ ဘုန်းဘုန်းတစ်ပါးရောက်လာပြီး မုန့်တီသောက်တော့ သူအတွက်လဲ ရှင်းပေးလိုက်တယ်။ မွေးနေ့ လှူဒါန်းခြင်းပါပဲ။