Posts

Showing posts with the label Story

အပျိုကြီးကြွေးတဲ့ ကွမ်းယာ

၁။ ကျနော့်နာမည်က လူမော်။ အပြည့်အစုံ မိတ်ဆက်ပေးရရင် အသက်လေးဆယ်ကျော် လူပျိုကြီး ဦးလူမော် ဆိုပါတော့။ အိမ်ထောင်မပြုချင်လို့ လူပျိုကြီး လုပ်နေတာတော့ မဟုတ်ဘူးဗျို့။ ကံမစပ်သေးလို့ ဆိုကြပါစို့။ အဲ… ကံဆိုလို ပြောရဦးမယ်။ ကောင်းသောကံဗျ။ ကျနော်တို့တိုက်ကို ပြောင်းလာတာ မကြာသေးတဲ့ အပျိုကြီးတစ်ယောက်နဲ့ အရမ်းတွေ အဆင်ပြေ နေတယ်။ အပျိုကြီးက တော်တော်လှတယ်ဗျ။ ယဉ်တယ်။ သိပ်မွေ့တယ်။ စသိတဲ့နေ့ ကတည်းက သူ့အိမ်ကို ကျနော် လူပျိုလှည့်နေတာ။ တွေ့ရင်တော့ နှစ်ယောက်အတူ ငယ်ပေါင်းတွေလို့ စကားတွေ ပြော၊ ဆို၊ ငြင်းခုန် ကြတာပဲ။ သူလည်း စာဖတ်တယ်လေ။