Posts


Showing posts with the label Tea Shop

လက်ဖက်ရည်ဆိုင်ထိုင်ခြင်း အနုပညာ

ရောက်ရာအရပ်မှာ အလိုက်သင့် ပြောင်းလဲ နေထိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်လို့ဆိုကြတယ်။ ဒါကြောင့်လည်း ရောမရောက် ရောမလိုကျင့် ဆိုတဲ့ စကားပုံတွေ ဖြစ်ပေါ် လာတာ မဟုတ်လား။ အနောက်တိုင်း ယဉ်ကျေးမှုကို အထင်ကြီးတဲ့ အရှေ့တိုင်းသားတွေကို coconut လို့ ရိုင်းပျစွာ ခေါ်လေ့ရှိတယ်။ coconut ရဲ့ outer shell မာလာခွံဟာ အညိုရောင်ရှိပြီး၊ အတွင်းအသား coconut meat ဟာ အဖြူ ဖြစ်နေလို့ပါပဲ။ အနောက်တိုင်းယဉ်ကျေးမှု၊ အထူးသဖြင့် ဗြိတိလျှယဉ်ကျေးမှုနဲ့ ကြီးပြင်းပြီး၊ ဗြိတိလျှယဉ်ကျေးမှုကို အထင်ကြီးပြီး၊ ယခုအချိန်အထိ ဗြိတိလျှယဉ်ကျေးမှု အတိုင်း ပြုမူ၊ နေထိုင်၊ ကျင့်သုံးနေတဲ့