🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

လက်ဖက်ရည်ဆိုင်ထိုင်ခြင်း အနုပညာ

ရောက်ရာအရပ်မှာ အလိုက်သင့် ပြောင်းလဲ နေထိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်လို့ဆိုကြတယ်။ ဒါကြောင့်လည်း ရောမရောက် ရောမလိုကျင့် ဆိုတဲ့ စကားပုံတွေ ဖြစ်ပေါ် လာတာ မဟုတ်လား။

အနောက်တိုင်း ယဉ်ကျေးမှုကို အထင်ကြီးတဲ့ အရှေ့တိုင်းသားတွေကို coconut လို့ ရိုင်းပျစွာ ခေါ်လေ့ရှိတယ်။ coconut ရဲ့ outer shell မာလာခွံဟာ အညိုရောင်ရှိပြီး၊ အတွင်းအသား coconut meat ဟာ အဖြူ ဖြစ်နေလို့ပါပဲ။ အနောက်တိုင်းယဉ်ကျေးမှု၊ အထူးသဖြင့် ဗြိတိလျှယဉ်ကျေးမှုနဲ့ ကြီးပြင်းပြီး၊ ဗြိတိလျှယဉ်ကျေးမှုကို အထင်ကြီးပြီး၊ ယခုအချိန်အထိ ဗြိတိလျှယဉ်ကျေးမှု အတိုင်း ပြုမူ၊ နေထိုင်၊ ကျင့်သုံးနေတဲ့ ကျနော်ဟာလည်း coconut ဆိုရင် မမှားပါဘူး။

လူတစ်ဦးရဲ့ အာရုံစူးစိုက်မှုကို ရဖို့ Kissing sound or smacking or sucking noise “ပြွတ်ပြွတ်” အသံပြုလုပ်တာဟာ အနောက်တိုင်းယဉ်ကျေးမှုမှာ မသင့်လျှော်ဘူးလို့ သတ်မှတ်ထားတယ်။ ဆိုတော့ အနောက်တိုင်း ရူးနေတဲ့ ကျနော်ဟာလည်း kissing sound ကို အသုံးမပြုတာဟာ အံ့ဩနေစရာမဟုတ်ပါဘူး။

ဒီရက်တွေ ဂျာမန်အတန်းပြီး ညနေအိမ်မပြန်ခင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အကျင့်တစ်ခုရလာတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ရင် အမြဲရင်ဆိုင်ရတဲ့ ပြသနာကတော့ စာပွဲထိုးတွေရဲ့ အာရုံစူးစိုက်မူကို ရဖို့ပါပဲ။ ကျနော် အသုံးပြုတဲ့ နည်းဗျုုဟာ ကတော့ လက်တွေကို လေထဲမြှေက်လိုက်တာပါပဲ။ သိုသော်လည်း ဒီဗျုုဟာ ဟာအလုပ်ဖြစ်မနေပြန်ပါဘူး။ စာပွဲထိုးတွေဟာ ကျနော်ကို ဂရုမစိုက်ကြဘဲ ပြွတ်ပြွတ်နဲ့ ခေါ်တဲ့သူတွေဆီကိုပဲ အရင်သွားပြီး မှာကြားတာတွေကို သွားရောက် ယူပေးကြတာ များပါတယ်။

စာပွဲထိုးတွေရဲ့ အာရုံစူးစိုက်မူကို ရဖို့ အရမ်းခက်ခဲတဲ့ အကြောင်းကို ကုန်လွန်ခဲ့တဲ့ ၆ နှစ် ၂၀၁၉ ခုနှစ်က လူမူကွန်ယက်ပေါ်မှာ ရေးမိတော့ စင်ကပူရောက် မြန်မာနိုင်ငံသား အကိုတစ်ယောက်က မြန်မာ့လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအနုပညာဟာ နိုင်ငံခြားသားတွေအတွက် alien concept ဂြိုလ်သား ဆန်နေသော အယူအဆ ဖြစ်ကြောင်းနဲ့၊ ပြွတ်ပြွတ်နဲ့ ခေါ်တာကို ရိုင်းတယ်လို့ ထင်ရင် ငွေရှင်းကောင်တာတွင် ကိုယ်တိုင်ကိုယ်ကျသွားရောက်၊ မှာယူ၊ ငွေပေးချေနိုင်တဲ့အကြောင်း အကြံပြု ပြောပြ ခဲ့ဖူးပါတယ်။ သို့သော်လည်း ကျနော်ဟာ ယခုအချိန်အထိ ငွေရှင်းကောင်တာကို မရောက်နိုင်သေးဘဲ ခေါင်းမာစွာနဲ့၊ လှေနံဓါးထစ် လုပ်ဆောင်နေပြီး လက်တွေ လေထဲမြှောက် နေစဲပင်။