Posts

🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)
Showing posts with the label impermanence

မမြဲခြင်းသဘော

၂၀၀၉ ခုနှစ်ကစပြီး တောက်လျှောက် သုံးလာတဲ့ Facebook Account ဟာ “ဝေလငါးကြီးပဲ ဖြစ်ချင်တော့တယ်ဗျာ” လို့ လူတွေကို ပြောနေခဲ့တဲ့ နေ့မှာ locked ကျသွားတယ်။ အကြောင်းရင်းကလည်း ရှင်းပါတယ်။ Free VPN နဲ့ login တွေ ဝင်နေခဲ့တဲ့အတွက် location တွေဟာ မတူညီနိုင်ဘူးလေ။ Facebook Team က “due to unusual activities on your account and for security reasons” လို့ ပြောတယ်။ Account ကို unlock လုပ်ဖို့ သူတို့ပေးထားတဲ့ နည်းလမ်းက အရင်သုံးခဲ့တဲ့ phone သို့မဟုတ် computer နဲ့ ပြန်ဝင်ဖို့ပါ။ ကျွန်တော်လည်း the same computer နဲ့ browser ကို သုံးပြီး ပြန် login ဝင်တာပဲ။