Posts

Showing posts with the label meditation

လီလီရေ

လီလီရေ မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်ကာလကစပြီး အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်ပြီး စိတ်ကျမ်းမာ၊ ကိုယ်ကျမ်းမာနဲ့ လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီစာကိုရေးလိုက်ပါတယ်။ လီလီကို ပြောရဦးမယ်။ ကျနော်တော် ဘဝမှာ ပထမဦးဆုံး အကြိမ် သင်္ကြန် ပိတ်ရက်ရှည်မှာ ၁၀ ရက် တရားစခန်းဝင်ဖြစ်ခဲ့တယ်။ ဟိုအရင်နှစ်တွေကလည်း တရားထိုင်ကြည့်ချင်တဲ့ ဆန္ဒတွေရှိခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူးဗျာ။ ဒီနှစ် တရားထိုင်ဖို့ အကြောင်းဖန်လာတာကလဲ တကယ်ကိုအံဩစရာပါပဲ။ လီလီ ခံစားဖူးလားဗျာ။ တခါတလေ ကိုယ်လုပ်ဖြစ်တဲ့ အရာတွေဟာ အင်အားထည့်ပြီး