🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

သူမနင့် ရန်ကုန်

အဲ့ဒီနေ့က မိုးရွာတယ်။ 

အမတို့ အိမ်က မိုးယိုတော့ ကျနော်တို့ အားလုံး မိုက်ကီတို့ အိမ်ကိုသွားကြတယ်။

ကျနော်က လေးလေး နဲ့ မိုက်ကီတို့နှစ်ယောက်ကြားမှာဝင်အိပ်ဖြစ်တယ်။ မိုက်ကီနဲ့ သီချင်း တွေ၊ games တွေ၊ anime movies တွေ အကြောင်းပြောကြတယ်။

Love, Death & Robots - season 1 က သူအကြိုက်ဆုံ episode: The witness ကိုအတူတူပြန်ကြည့်ကြတယ်။

မိုက်ကီ ကမေးတယ် ရန်ကုန်ကို သတိရလားတဲ့။ 

အင်း လို့ ကျနော်ဖြေလိုက်တယ်။

သူ့ဖုန်းထဲက download ချထားတဲ့  သူမနင့်ရန်ကုန်  သီချင်းကို ဖွင့်ပြတယ်။ 
အခု ကျနော်တို့ တစ်ယောက် တစ်နေရစီ။

အော်.. အခုပြန် နားထောင်တော့လည်း feeling က အရင်အတိုင်းပဲ။
သတိရတယ်။

Now listening to it again, the feeling is the same as before.