ကြည်အေး

နွေရာသီ ကျောင်းပိတ်ရက်ရှည်တစ်နေ့မှာ အဖွားဆီကို အလည်အပတ် သွားတော့ ဆရာမကြည်အေးရဲ့ စာအုပ်တစ်အုပ်ကို သူ့ရဲ့ home library ၊ bookshelf မှာတွေ့ခဲ့တယ်။ “ဖုန်းသက်တိုင်” လား၊ “ကေဖွဲ့ဆိုသီ” လား ကျနော် သေသေချာချာ မမှတ်မိတော့ပါ။ ဒါပေမယ့် “ဖူးငုံပွင့်သစ်” ဆိုတဲ့ စကားစု ကို ကျနော် မှတ်မိနေသေးတယ်။ 

အဲ့အချိန် တုန်းက မြန်မာစာ ဖတ်လေ့၊ ဖတ်ထ (habit) မရှိတော့ ဟိုလှန်ဒီလှန် flipped through the pages ပုံစံနဲ့ ကျနော် ran through ဖတ်ခဲ့တယ်လို့ ဝန်ခံပါတယ်။ သို့သော်လည်း အောက်ပါ ကဗျာ အပိုက်ကိုတော့ ကျနော် journal မှာချရေးခဲ့တယ်။ ခံစားချက်နဲ့ တိုက်ဆိုင်နေခဲ့တယ်လို့ထင်ပါတယ်။ 

မကယ်သာ မခံချိ
မလှန်သာတွယ်သာမိသူမှာ
ဝဲကြမ်း လေထန် ဖိပြန်ငဲ့
လိူင်းထိသည့် မောင့်အတောင်ပံ
မပျံနိုင် ရေဒဏ် သင့်ခဲ့ပြီ
ပင့်သက် ရူမဝ ခြေကုန်လက်ပန်း ကျခဲ့ပြီ။

အလဟသက် အချစ်
အိမ်ပြန်မလှ ဖြစ်ခဲ့ပြီမို့
ဘဝအခြေမမှန် ကာရန်မသစ်ချင်ဘူး
နှမသာ ရွှေမြေမှာ စံကာကျန်ရစ်တော့
နတ်မြင်းပျံ ရေငန်ညစ်မှာ
နစ်ခဲ့ပြီလေး။

နွမ်းလျအိမ်ပြန် က ကျနော် ပထမဆုံး အစကနေ အဆုံးအထိဖတ်ဖူးတဲ့ ဆရာမရဲ့ စာအုပ်ပါပဲ။

မျက်ရည်စိုနှင့်
ငိုတော့မေရယ်
တွယ်တာစရာ
မေတ္တာကင်းမှ၊သည်ဘဝမှ
ဘာကိုမက်မောပျော်မလဲ။

ပြီးတော့

လှမ်းမီပေမယ့်
မောနေပါ့မယ်၊ ခူးမလွယ်ဘူး။
အကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။

စတဲ့ ကဗျာ အပိုင်းအစ တွေဟာ ကျနော်ရဲ့ favourite တွေပါပဲ။ ဆရာမက ကဗျာတွေကို improvise လက်တန်း သိပ်အားစိုက်စရာမလို့ပဲ လွယ်လွယ်ကူကူ ချရေးနိုင်တယ်ထင်တယ်။ သူ့ရဲ့ စာကားလုံးတွေက crispy ဖြစ်တယ်။ Loud and clear ဖြစ်တယ်။ သိမ်မွေ့တယ်။ တစ်ချို့စာကားလုံးတွေတော့ ကျနော် comprehand မလုပ်နိုင်ဘူး။ ညဏ်မမှီဘူးဗျ။

ကဗျာရေးတာ သိပ်တော်တဲ့ ဆရာမ ကြည်အေးက ငယ်ငယ်က (အသက် ၇ နှစ်လောက်) ကဗျာနဲ့ သီချင်းကို မခွဲတတ်ဘူးတဲ့။ ပြီးတော့ အသက် ၇ နှစ်လောက်မှာ ချက်ချင်းစပ်လိုက်တဲ့ ပထမဆုံး ကဗျာက

ပိုက်ဆံ ပိုက်ဆံ
အမှန်တကယ်ပျောက်
ဘယ်သူပျောက်ပျောက်
ဘယ်သူ ကောက်ကောက်
အမအိတ်ထဲရောက်— ဂျောက်

ကျနော်တာ့ ကဗျာတွေဖတ်ရတာကြိုက်သာ။ ကာရန် နဘေ ဆိုတာ ဝေးပေါ့။ မှတ်မိသေးတယ်။ အဖွားစပ်တာ

ဖေမြင့် ပိတ်ကန်
ဂျော်နသန်
ပို့လို ပက်လက်လန်။

ကျနော် အခုအတိ ချေပရန် နဘေတွေ စဉ်းစားမရသေးဘူး။

နွမ်းလျအိမ်ပြန် ကို 1958 ဆရာမကြည်အအေး သက် 15 နှစ်မှာရေးတဲ့ စာလို့ သူရဲ့ prologue မှာ ဝန်ခံ၊ရှင်းပြထားတယ်။ British Burma Time မှာမွေးခဲ့လို့လား၊ the education she received ကြောင့်လားတော့ ကျနော်မသိဘူး သူ့ရဲ့ အတွေးအခေါ်တွေဟာ ကျနော်အတွက် liberal ဆန်နေခဲ့တယ်။ 

Conservatives တွေနဲ့ ပြည့်နေ့တဲ့ မြန်မာ society and cultures မှာ ယခုတိုင် strongly against ဖြစ်နေတဲ့ living together concept ကို ပေါ့ပေါ့ပါးပါးပဲ အသက် 15 နှစ်မှာချပြသွားခဲ့တယ်။ she gave me thoughts to ponder.

I like to believe that she was way too ahead of her time ဗျ။ ပြီးတော့ I wonder who were her contemporaneous. I would like to make research when I’m given time in the future.

1971 မှာ မိသားစုနဲ့ American ကို emigrated လုပ်သွားတယ်။ 1973 မှာ မောင်၊ကိုကို နှင့်မြနန္ဒာ ကို published လုပ်တယ်။ စာအုပ်ထဲပါ ဘိလပ်၊ ပါရီ၊ဂျာမနီ စတဲ့နေရာတွေနဲ့၊ ပွဲတော်ရာသီအကြောင်းတွေကို အသေးစိတ်ရေးတော့ summer times တွေမှာ ဆရာမ Europe ကိုခရီးတွေ သွာနေခဲ့မယ်လို ကျနော် စိတ်ကူးယဉ် နေမိတယ်။

“မားဂရက်အသား ခင်ဗျား မစားဘူးသေးပါဘူးဗျာ”။

“ကောင်းလား”။

“လင်နဲ့ကွဲတာ မကြာသေးဘူးဗျ၊ ခင်ဗျားဗလနဲ့တော့ မဖြစ်ဘူး၊ တချက်လှဲ့ရှိမှာ”။

စတဲ့ ယောင်္ကျားလေး အများစု ညစ်ညမ်းစွာ အရသာခံပြော တဲ့ dialogues တွေကို ပေါ့ပေါ့ပါးပါး ချရေးနိုင်တော့လည်း I am not sure, her years in the states made her become more liberalist or was it her medical & educational background that made her think sex is meant to be zero. Anyhow, she gave me more thoughts to ponder again ပါ။

She obtained her medical license in the states and practised as a psychiatrist လို့ သူ့ရဲ့ wiki မှာဖတ်ရတယ်။ 1980 မှာ published လုပ်ခဲ့တဲ့ မေတ္တာမီးအိမ်က သူရဲ့ ကိုယ်တွေ့ experiences တွေက မွေးဖွားလာတဲ့ စာအုပ်ဖြစ်မယ်ထင်တယ်။

မြစ်ရေပြင် လှေလူးလို့
ချစ်ဦး မယ်နဲ့မောင်
ပန်းခူးရအောင်။

1929 December လူလောက ကို ရောက်လာခဲ့တဲ့ သူက 2016 December မှာ ပြန်ထွက်ခွါသွားပြန်တယ်။

ရွက်တဝေ့ကို
လှမ်းပွေ့မထိ၊ စမ်းမမိ၍
မျက်စိစူးစမ်း၊ ဆုံးစခန်းမြင်
မေးမြန်းလိုပါ၊ ဤရွက်ဝါ၏
ဇာတိဘယ်မှာ စသနည်း။