Have a Merry Xmas & Happy 2026

christmas wreath christmas wreath,decoration,ornament,festival,party by l42y1o
balls balls,christmas,decoration,ornament,santa balls by nmghxm
leaf leaf,christmas,poinsettia,flower,plant by 1350mw
santa tree santa tree,star,decoration,ornament,christmas by 3dz79m

ဘာတွေဖြစ်နေတာလဲ

ဘာတွေလုပ်နေတာလဲဆိုတာထက် ဘာတွေဖြစ်နေတာလဲဆိုတဲ့ မေးခွန်းကိုမေးရတာ ပိုကောင်းမယ်ထင်တယ်။

တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် တစ်နေ့ပြီးတစ်နေ့ ရောက်ရောက်လာတဲ့ personal dramas တွေနဲ့၊ political dramas တွေကြားမှာ ဝင်သက်၊ ထွက်သက်တွေကို အားကြိုးမန်တင်း ရှုသွင်းရင်း အဓိပ္ပါယ်မရှိတော့တဲ့နေ့ရက်တွေကို ကြိုးစားဖြတ်ကျော်နေတယ်။

ဒါတွေဟာ ကိုယ်တစ်ယောက်တည်းပဲ ရင်ဆိုင်ဖြေရှင်းနေရတဲ့ပြသနာတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ကိုယ့်ဘေးက ဘော်ဒါတွေလည်း သောကတွေကိုယ်စီနဲ့ ခေါင်းငိုက်စိုက်။

ဒီပြသနာတွေရဲ့ အစကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။ Military coup ရဲ့ consequences တွေအပြင် February 13th နေ့ညမှာ အသက်ဝင်လာတဲ့ Reserved Force Law ကလဲ ကျနော်တို့ အားလုံးကို အသက်ရှုကြပ်အောင် လှုပ်ကိုင်ခဲ့ပြန်တယ်။ ကျနော့်ရဲ့ဘေးမှာရှိနေ့ခဲ့တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ပျောက်သွားကြတာကိုလဲ ကစားပွဲတစ်ခုမှာ ဘေးကရပ်ကြည့်နေတဲ့လူတစ်ယောက်လို့ ကျနော်ကြည့်ရှု့ခံစားနေရတာ အခုအထိပဲ။ ကိုယ့်အလှည့်ကောဘယ်တော့လဲဆိုတဲ့ မေးခွန်းကို နေ့တစ်နေ့ရဲ့အစမှာ နိုးထလာတိုင်း ကိုယ့်ကိုယ်ကိုပြန်မေးနေမိပြန်တယ်။

မြတ်ဝေရဲ့ စစ်ကြီး အတွင်းမှာ ဝမ်းနည်းရမှာက တစ်ယောက်က တစ်ယောက်ကို မစောင့်ရှောက်နိုင်တော့မှာမျိုးပဲ ဆိုတဲ့ ကဗျာစာကြောင်းက ကျနော်ကို ခက်ပြင်းပြင်းလက်သီးနဲ့ ထိုးလိုက်သလိုပါပဲ။ မြို့နေ၊ တောနေ ကျနော်တို့ အားလုံးသည် ကူကယ်ရာမဲ့။

The Phosphorap ရဲ့ “ငြီမ်း”သီချင်းဟာ ဒီရက်ပိုင်း ကျနော့်ရဲ့ ဇတ်ဝင်တေးတစ်ပုဒ် ဖြစ်လာခဲ့တယ်။ ငြီမ်းရေ.. ငါအဆင်မပြေဘူး။ ငါ ခဏ၊ ခဏ ဒူးထောက်နေရတယ်ပေါ့။

အရာရာအဆင်ပြေတဲ့နှစ်ဖြစ်ပါစေလို့ ဒီနှစ်အစမှာ တိတ်တခိုးလေး ကျနော်ဆုတောင်းဖူးခဲ့တယ်။ တောင်းခဲ့တဲ့ဆုတွေထဲမှာ ပြည့်ခဲ့တာဆိုလို့ ရန်ကုန်မပြန်ခင် နွေရာသီနေ့တစ်နေ့ရဲ့ သန်းခေါင်ကျော်ညည့်နက်ပိုင်းမှာ ရွှေရိုးရာအရက်ဆိုင်ကအပြန် ယုယုဘော်ဒါတွေနဲ့ စစ်တွေ ကိုရီးယားဆိပ်ကမ်းမှာ မူးမူးနဲ့ ဟာသလုပ်ဆိုခဲ့တဲ့ “လကမ္ဘာအထိ ငါမရောက်ချင်ဘူး၊ လမ်းဘေးရောက်မဲ့ လမ်းပဲညွန်” ဆိုတဲ့အတိုင်း လမ်းဘေးကို ရောက်လာတာပဲရှိတယ်။

ရှင်သန်ခြင်းဟာ တစ်ဖြည်းဖြည်းအဓိပ္ပါယ်မဲ့လာတယ်လို့ ခံစားရတဲ့နေ့ရက်တွေမှာ Buddha ရဲ့ well-established philosophy ဖြစ်တဲ့ life is suffering, attachments to desire causes suffering ဆိုတဲ့ အချက်တွေကို လက်ခံ၊ သဘောကျလာမိပြန်တယ်။ နေ့ရက်တိုင်းကိုလဲ နောက်ဆုံးနေ့ရက်တွေလို နေတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော် မသေခင်လုပ်သွားချင်တဲ့ အရာတွေကို စဉ်းစားပြီး ရေးဖြစ်တယ်။ အများကြီး မရှိပါဘူး။

၁။ အောင်ပန်းကို သွားချင်တယ်။
၂။ ပုတာအို မြစ်ကြီးနားကနေ ကော့သောင်းအထိ လမ်းလျှောက်ချင်တယ်။
၃။ New Caledonia ကိုပြန်သွားပြီး ချစ်ရသောသူကို goodbye ပါလို့ နူတ်ဆက်ချင်တယ်။
၄။ French Polynesia မှာ ရွက်လွင့်ချင်တယ်။

ဒါပါပဲ။ ပြီးရင်တော့ သေလို့ရပြီဗျာ။