🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

ခဲဖျက်

ကျနော်က stationery items တွေ collect လုပ်ရတာကြိုက်တယ်။ Collection လုပ်ချင်တာထက် စိတ်ညစ်ရင် သိုမဟုတ် စိတ်ဖိစီးမှုတွေများတဲ့ အချိန်တွေဆိုရင် stationery shops တွေဆီကိုရောက်ရောက်သွားတက်ပြီး items တွေ ဝယ်ရင်းနဲ့ collection တွေဖြစ်လာတယ်လို့ ပြောရရင် ပိုမှန်ပါမယ်။ ပြီးတော့ ကျနော်က ပစ္စည်းအကောင်းကြိုက်တယ်ဆိုရမယ်။ ဆိုတော့ ဝယ်ဖြစ်ရင်လည်း အရည်အသွေးကောင်းတဲ့ စာရေးပစ္စည်းတွေကို ဝယ်တာပိုများတယ်။

ကျနော် အရမ်းကြိုက်တဲ့ stationery brand တစ်ခုရှိတယ်။ Staedtler ပါ။ ခဲဖျက်၊ ခဲတံ နဲ့ Marker pens တွေဆိုရင် ကျနော် ဒီ brand ထဲကဝယ်တာ များပါတယ်။ Back in old school days တုန်းကဆိုရင် Made-in-Germany ခဲဖျက်ကြီးနဲ့ ဖျက်လိုက်ဦးမယ်လို့လည်း ကျနော့် classmates ကို ဟာသလိုကော၊ အတည်လိုကော ကျနော် အမြဲပြောခဲ့လေ့ရှိပါတယ်။ ကျနော့် စာရေးပစ္စည်းတွေ ပျောက်ရင်လည်း ကျနော် အရမ်းနှမြောတာ။ Half day or full day ထိုင်ပြီးလည်း တွေဝေနေတတ်တယ်။ ဒီနေ့တော့ very sadly, I had to say a sweet goodbye to my black edition Staedtler rubber.

ကျနော်ရဲ့ new classmate နာမည်က Mung လို့ခေါ်တယ်။ မြန်မာမှုပြုရင်တော့ မောင်ပေါ့။ ကျနော်လည်း မောင်ပဲခေါ်တော့တယ်။ မနေ့က ကျနော့် ခဲဖျက် သူ့ဆီပါသွားတယ်။ ဒီနေ့တော့ ပြန်ယူမယ်လို့ စိတ်ကူးထားခဲ့တယ်။ သူက ballpoint pen နဲ့စာရေးတယ်။ ကျနော်က ခဲတံနဲ့ရေးဖြစ်တာများတယ်။ ကျနော် အမှားဖျက်လိုဖို့အပ်ရင် ကျနော့်ခဲဖျက်ကို သူ့ဆီက ပြန်ယူရတယ်။ နောက်တစ်ခါ လိုလို့ ပြန်ရှာရင် ခဲဖျက်ကို သူ့ရဲ့ ညာဖက်၊ ကျနော့်နဲ့ အဝေးဆုံးမှာ ပြန်တွေ့ရတယ်။ I am not it sure if he does it consciously or unconsciously. ငယ်ငယ်တုန်းက စိတ်နဲ့ဆိုရင် This is my rubber. Thank you very much ဆိုပြီး ပြန်ယူမိမယ်။ အခုတော့ ကျနော်လည်း မြန်မာအရမ်းဆန်လာတော့ “အားနာတယ်” ဖြစ်လာတယ်။ If he wants to keep it ဆိုရင် keep it so ပြီးပဲထားလိုက်တော့တယ်။

ကျောင်းကအပြန် ဒီနေ့တော့ bought myself a new Staedtler rubber. ခဏခဏ အမှားများများလုပ်တဲ့ ကျနော့်အတွက် အမှန်ပြင်လိုရတဲ့ ခဲဖျက်လိုအပ်တယ်လေ။