🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

ဘာသာစကားများအကြောင်း ၁

ကုန်လွန်ခဲ့တဲ့ 2019 ရက်တွေက ရန်ကုန်ရွက်လှေအသင်းရဲ့ နှစ်ပတ်လည်ညစာစားပွဲကို Hawaii theme နဲ့ ဆင်နွဲမှာမို့ အသင်းသူ/အသင်းသားတွေကို Hawaiian shirt ဝတ်လာဖို့ တောင်းဆိုတယ်။ ကျနော် shirts အင်္ကျီတွေ ဝတ်လေ့မရှိပါဘူး။ ပြီးတော့ ဒီ information ကိုညစာစားမဲ့နေ့မှာမှ သိတော့ ရွက်လွင့်ခြင်းလေ့ကျင့်ခန်း မလုပ်ခင် မေမေကို Hawaiian shirt urgently ဝယ်ပေးဖို့ ပူစာရတော့တယ်။

English စကားအရမ်းကောင်းတာပဲလို့ အသိတွေက ချီးကျုုးကြပေမဲ့၊ ကျနော် အသံထွက်မပီတဲ့ English စာကားလုံးတွေ အများကြီးရှိပါတယ်။ Hawaiian shirt လည်းတစ်ခုအပါအဝင်ပါ။ ဆိုတော့ ကျနော်ဖုန်းခေါ်ပြီး Hawaiian shirt လိုနေတဲ့အကြောင်းပြောတော့ မေမေဟာ နားမလည်ပါဘူး။ How are you shirt? ဆိုပြီး စိတ်ရှုပ်နေတဲ့ လေသံနဲ့ ပြန်မေးပါတယ်။ ကျနော်ကလည်း မဟုတ်ဘူး မေမေရဲ့ Hawaii, Honolulu စတဲ့ America မှာရှိတဲ့ကျွန်းနာမည်တွေကို အထောက်အကူဖြစ်မလားဆိုတဲ့အထင်နဲ့ ရွတ်ဆိုပြတယ်။ နောက်ဆုံးတော့ စိတ်မရှည်တော့တဲ့မေမေဟာ စာပဲပိုတော့ဆိုပြီး ဖုန်းချသွားတယ်။

အဲ့နောက်ပိုင်း ကျနော်ကို Hawaiian shirt နဲ့မြင်တိုင်း ဖေဖေက How are you shirt နဲ့လို့စတော့တယ်။

မြန်မာစကားမှာလည်း ကျနော်မပီတဲ့ စကားလုံးတွေရှိတယ်။ “သ” နဲ့ “တ”။ “ခ” နဲ့ “ရ”။ သူငယ်ချင်းတွေက “အဝါရောင် တောက်တောက်“ ဆိုတဲ့ စကားစုကို ကျနော်ကို အသံထွက်ဖတ်ခိုင်းပြီးလည်း ရယ်ကြတယ်။ နောက်ကျနော့်ရဲ့ အကျင့်ဆိုးတစ်ခုက English လိုတွေးပြီးမြန်စာလို ပြောတာပဲ။ အရင်အလုပ်လုပ်ခဲ့ရုံးမှာ senior အကိုကြီးတစ်ယောက်ကို အကိုရေ ဒီဖုန်းက အလုပ်မလုပ်ဘူးပြောတော့၊ သူကကျနော်ကိုကြည့်တယ်၊ ပြီးတော့ ဖုန်းကအလုပ်မလုပ်တာမဟုတ်ဘူး ညီလေးရဲ့ ဒီဖုန်းက ပျက်နေတာတဲ့။

English လိုအရမ်းပြောတဲ့ ကျနော်ကို့ မြန်မာလိုပြောပါ စောက်ရူးရယ် ဘိုတွေလို့အရမ်းမပြောနဲ့ မကြိုက်ဘူးလို့ ခဏခဏ complain တက်ခဲ့တဲ့ ကျနော့်သူငယ်ချင်းတွေဟာ အခု English စကားပြောနိုင်ငံတွေ ရောက်နေကြတော့ ကျနော်ကို ဆက်သွယ်ရင်ဘိုလိုပဲ ပြောလာကြတော့တယ်။ ကျနော် မြန်မာလို reply လုပ်လဲ ဘိုလိုပဲ ပြန်ဖြေတော့တယ်။

နိုင်ငံခြားမှာနေတာကြာရင် မြန်မာစကားမေ့တယ်ဆိုတာ ဟုတ်မယ်။ ကျနော်လည်း မြန်မာမှာ နေတာကြာတော့ English စကားတွေမေ့ကုန်ပြီ။ မေမေနဲ့ ညစာ ထွက်စားဖြစ်တိုင်း မေမေက forget German, I’m gonna send you back to school. Your English is deteriorating လို့ပြောနေပြီ။