မေမှတ်စု
အသက်ကြီးလာလေလေ နှစ်တွေကုန်တာမြန်လေလေ ဆိုတာဟုတ်တယ်။ ၂၀၂၅ ကို welcomed ခဲ့တာ recently လို့ထင်ရပေမဲ့ နောက်လဆိုရင် half of the year is already to be gone မဟုတ်လား။ ၂၀၂၅ မှာ Russian နဲ့ German classic literature စာအုပ်ဖတ်တွေ များများဖတ်မယ်လို့ planned ထားခဲ့ပေမဲ့ အခု ၅လကျော်လာပြီ “what is to be done” စာအုပ်မပြီးသေးဘူး။
စိတ်ပိုင်းဆိုင်ရာကတော့ still fucked up နေတုန်း။ တချို့ရက်တွေမှာ ၄ နှစ်အရွယ် ကလေးတစ်ယောက်လို့ မကျေနပ်တာတွေကို တစ်ခုပြီးတစ်ခု ခြေဆောင့်ပြီး အော်ဟစ်၊ ပြောဆို ငိုလိုက်ချင်တယ်။ တချို့ရက်တွေတော့ fuck this, fuck that, fuck all ဆိုပြီး ဘူနေလိုက်တော့တာပဲ။
Shaw ကိုသတိရတယ်။ သူထွက်သွားတာ မေ ၂၈ ရောက်ရင် ၂ နှစ်ပြည့်တော့မယ်။ Reincarnation ဆိုတာ တစ်ကယ်ရှိရင် သူအခုလောက်ဆို သက်ရှိလောကထဲကို ပြန်ရောက်နေပြီလို့ ဆိုနိုင်မယ်မဟုတ်လား။ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းကို သူ့ကိုမေးချင်နေမိတယ်။ ဒါပေမဲ့လဲ တချို့ရက်တွေ the same question ကကျနော့်အတွက်ဖြစ်လာတယ်။ တစ်ကယ်လို့များ လက်ထဲမှာ သေနပ်တစ်လက်ရှိခဲ့ရင် ဘာလုပ်မလဲပေါ့။ All the sufferings တွေကို အဆုံးသတ်လိုက်ချင်တာတော့ အမှန်ပဲ။
စိတ်တွေက မျောက်စိတ်ဗျာ။ The mind is like a monkey ဆိုတာလည်း အမှန်ဗျ။ အခုရက်ပိုင်း social media သုံးတာလျှော့ထားတယ်။ စစ်ကိုင်း၊ မန္တလေး earthquake ဖြစ်ကတည်းကပဲ။ တွေနေ၊ မြင်နေရတာ ကျနော်အတွက် အဆင်ပြေမနေခဲ့ဘူး။ Natural crisis တွေကို ဘာသာရေးနဲ့ mixed လုပ်တဲ့အကွက်တွေကို မခံစားနိုင်တာလည်းပါတယ်။ တောင်မင်းလည်း မြောက်မင်း မကယ်နိုင်။ မြောက်မင်းလည်း တောင်မင်း မကယ်နိုင်ဘူး ဆိုတာလည်းပါတယ်ဗျာ။ emotional tolls တွေမခံနိုင်တော့ဘူး။
FOMO လည်းရှိတော့ဘူး။ သိချင်တဲ့ နိုင်ငံရေးသတင်းတွေရှိရင် သက်ဆိုင်ဟာ websites၊ news outlets တွေကိုပဲသွားကြည့်လိုက်တာပဲ။ "ဘာရှာနေလဲ အကုန်ရှိတယ်လေ" ဆိုတဲ့ slogan ကိုင်ဆောင်ထားတဲ့ မြန်မာ facebook virtual world ကခဏထွက်နေတာ တစ်လလောက်တော့ရှိတော့မယ်။ လီလီနဲ့တော့ အဆက်အသွယ်ပြတ်သွားတယ်။ Messenger တော့ပြန်သုံးရမယ်ထင်တာပဲ။
Kindle လေးကို jailbreak လုပ်ပြီ Koreader တင်လိုက်တယ်။ Epubs ကို support ပေးတော့ အရမ်းအဆင်ပြေနေတာ။ Kindle version လည်းဆက်သုံးလို့ရတော့ ပိုအဆင်ပြေတာပေါ့ဗျာ။ နှစ်သီးစားရသလိုပေါ့။ Feeling ကတော့ Vanilla အရသာကော၊ Chocolate အရသာကော တစ်ပြိုင်တည်းစားရတာဆိုတော့ ကဲဘာလိုသေးလဲဗျာပေါ့။ Out of all the shitty things and blues တွေထဲမှာ ဒါလေးကတော့ most satisfied အဖြစ်ဆုံးပဲပြောရမယ်။
Retro vibes တွေပြန်ဝင်လာတယ်။ Streaming services တွေဖြုတ်လိုက်ပြီး ပိုက်ဆံ save မယ်ပေါ့။ Music library ကို offline ပြန်ဆောက်နေတယ်။ နားထောင်နေကြ songs တွေနဲ့ပဲ။ ကျနော်နားထောင်ဖြစ်တဲ့ Artists တွေအရမ်းမများဘူးဆိုတာ realised ဖြစ်လာတယ်။ Linkin Park. The Script. James Bay. Of monsters and man. London Grammar. Tom Odell. Jake Bugg. Noah and the whale. The Lumineers. George Ezra နဲ့ Hozier ပဲ။
Snowsky Echo Mini DAP လေးဝယ်ထားတယ်။ Music ကို 100% offline နားထောင်တော့မယ်။ Audiophile မဟုတ်ပေမဲ့ budget IEM - iBasso Jr Gelato လေးနဲ့ဆိုတော့ ပိုပြီး perfect ဖြစ်သွားမယ်လို ခံစားမိနေတယ်။ အခုရက်ပိုင်းတွေမှာ music နဲ့ စာအုပ်တွေကပဲ keep me going ဆိုရမယ်။
နောက် ၆ လကော။ ဘာတွေလာမလဲ။ ဘာတွေဖြစ်မလဲ။ သောချာတာကတော့ ဂျာမန်စာ၊ ဂျာမန်စာမေးပွဲတွေနဲ့ တိုင်ပတ်နေဦးမယ်ထင်တယ်။ ဘာလာလာ The Everly brothers ရဲ့ Crying in the Rain နဲ့ gonna face the music တော့မယ်ဗျာ။ ပျော်ပျော်နေ ကြေကွဲပါပဲ။