အဆင်ပြေတယ်မှတ်လား

အဆင်ပြေလားလို့ လာမေးရင် မပြေဘူးဗျာလို့ ဖြေမိတယ်။ သို့သော်လဲ၊ ဒီရက်ပိုင်း ကိုယ့်ထက် အဆင်မပြေတဲ့ လူတွေကို တွေ့နေ၊ မြင်နေ၊ ကြားနေ ရတော့ အဆင်မပြေဘူးလို့ လွယ်လွယ်ပြောမိတဲ့ ကိုယ့်ကိုယ်ကိုပြန်ရှက်တယ်။

ဘိုင်ပြတ်တယ်ဆိုတာ ခေတ်ဆန်ပြီး ပြောရတာပေါ့ပါးသလောက် လက်တွေ့မှာ နေရခက်တယ်ဆို့တဲ့ စာကြောင်းကို ကျနော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ အခုတော့ the importance of money in our society ကို ကျနော် ကောင်းကောင်းနားလည်နေပြီ။

ကုန်လွန်ခဲ့တဲ့သော နှစ်နှစ်ကျော် ဒီလထဲမှာ ၅၀၀တန် လမ်းသရဲမုန့်ကို ရွှေဘုံသာလမ်းဘေး pavement မှာထိုင်စားပြီး I wondered what mum would say if she saw me like this လို့စဉ်းစားဖူးခဲ့တယ်။ History repeats itself ပါ။ It’s been over two months since ကျနော်အိမ်က ထွက်လာခဲ့တာ။ About three weeks ago က မေမေ text ပို့တယ် - are you coming? We hope so ဆိုပြီး။ ကျနော် စာမပြန်မိ။ ဖုန်းလည်း မခေါ်ဖြစ်။ သူလည်း  မခေါ်တော့ဘူး။

ကျနော် နားထောင်နေကြ Linkin Park ရဲ့ သီချင်းထဲကလို့ပေါ့ sometimes solutions aren’t simple but sometimes goodbye’s the only way တဲ့။ ကျနော် comfort zone ကို goodbye လုပ်ခဲ့တယ်။ ကိုယ့် ရွေးချယ်မူပါပဲ။

ဒီရက်ပိုင်း ဆေးလိပ်တွေပြန်သောက်နေတယ်။ Beer တော့ မသောက်ဖြစ်တော့ဘူး။ Budget လည်းအဆင်မပြေဘူးလေ။ လက်ဖက်ရည်ဆိုင် မကြာခဏ ထိုင်ဖြစ်တယ်။ သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေ ကဗျာစာအုပ်ကို repeatedly ဖတ်တယ်။

ရှေ့ကိုသွားနေတဲ့ ရထားမှာ
နောက်ပြန်ထိုင်စီးရင်း ဝေးကွာခြင်းဆိုတာကို
ပိုနားလည်လာရတယ်

ဆိုတဲ့ အပိုဒ်နဲ့ ဂလယ်ရီကို ဖတ်ရတာပိုကြိုက်တယ်။

ရှောကို သတိရတယ်။ ညနေ ဗိုလ်အောင်ကျော်လမ်းကနေ ဆူးလေ square ကိုလမ်းလျှေက်တယ်။ တစ်ချို့ရက်တွေ တိမ်တွေ အရမ်းလှတယ်ဗျာ။ Les nuages sont beaux certains jours. ဘာကိုပဲ ပြောပြော ပြင်သစ်လိုပြောရင် romantic ဆန်တယ်မဟုတ်လား။ ချစ်ရပါသော လီလီနဲ့ ရှော အတွက်ဆိုပြီး Yiruma ရဲ့ river flows in you ကို piano တီးပြချင်တယ်။

ညတွေ အိပ်လို့မရဘူး။ အတွေးတွေများတယ်။ A world is spinning in confusion. Sometimes I think it’s better to suffer bitter unhappiness and to fight and to scream out, and even to suffer that terrible pain than just to be safe.

If you had to die, wouldn’t it be wonderful to die now while you believed that everything was perfect လို့ A tree grows in Brooklyn မှာ Franchise ပြောတာကို အမှတ်ရတယ်။ ဘဝမှာ မလုပ်ဘူးတာ မရှိတော့ဘူး။ တောလည်း ခိုဖူးတယ်။ စစ်ဘေးလည်း ရှောင်ဖူးတယ်။ လူသားခြင်းစာနာ အဖွဲ့အစည်းမှာလည်း အလုပ်လုပ်ဖူးတယ်။ အမြင့်မှာလည်း နေဖူးတယ်။ အနိမ့်မှာလည်း နေနေတယ်။

လီလီရယ် ရှောရယ် ကျနော်ရယ် စမ်းချောင်းမှာ အတူတူနေတုန်းက ခဏခဏ ဆိုနေကြ ရဲရင့်အောင်ရဲ့ သီချင်းစာသား တစ်ကြောင်းရှိတယ် အဆင်ပြေတယ်မှတ်လား မင်းမို့မေးရက်တယ် ပေါက်ကရလေးဆယ်။