🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

လွတ်လပ်ခြင်းများစွာနှင့်အတူ

ငိုရမှာလား၊ ရယ်ရမှာလား မသိတော့ဘူးရယ်လို့ ပြောတော့ Laugh out loud and reborn လို့ပြန်ပြောရှာတယ်။

ရယ်နေရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ဘူးဟေ့လို အားမလိုအားမရလေသံနဲ့ပြောနေတဲ့ မန်ယူဖန်ဘရားသားလိုပါပဲ ကျနော်လည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဘာမှလည်း မလုပ်နိုင်ခဲ့ပါဘူး။

ရယ်ဖြစ်လားဆိုတော့လည် မရယ်မိပါဘူး။ ငိုလားဆိုတော့လည်း မငိုချင်ဘူး။ ဝမ်းနည်းလားဆိုတော့ ဝမ်းနည်းမိတယ်။ ရင်ထဲမှာတော့ ဟာတာတာပေါ့ဗျာ။

တစ်ကယ်တော့ ကျနော်က minimalism ဆိုတဲ့ concept ကိုအရမ်းသဘောကျပြီး Minimalist တစ်ယောက် ဖြစ်ချင်ခဲ့တာ။ အခုတော့ ကျနော် တောင်းတခဲ့တဲ့ ဘဝကို ရပြီထင်တယ်။

အဖဘုရား၏ ကျေးဇူးတော်လို့ပဲ သတ်မှတ်ပါတော့မယ်။ ကျနော် လွတ်လပ်စွာ၊ အချုပ်အနှောင်မဲ့ ပျံသန်းခွင့်၊ ရှင်သန်ခွင့်ရပြီ မဟုတ်ပါလား။