၂၈ ရက် တနင်္ဂနွေနေ့
ကျနော်တို့ ပုံမှန် လှည်ပတ်နေတဲ့ နေ့ရက်တိုင်းဟာ အခြားသူတွေ့ရဲ့ ပုံမှန်မဟုတ်တဲ့ နေ့ရက်တွေ မဟုတ်ဘူးလား။
ကုန်လွန်ခဲ့တဲ့ သုံးလ ဒီနေ့ ၂၈ရက် ကျနော် မောင်တောမှာ ရှိနေခဲ့တယ်။
အင်အားပြင်းမုန်တိုင်း Mocha ဖြတ်သွားပြီးနောက် ဖယောင်းတိုင်မီးအလင်းရောင်နဲ့ ကျနော် တို့နေထိုင်ခဲ့တဲ့ အစောပိုင်းကာလတွေပေါ့ဗျာ။
ကျနော် အခန်းဖော် ညီညီ စစ်တွေကို မုန်တိုင်းပြီးနှစ်ရက် အကြာမှာ ပြန်သွားတော့ အိမ်မှာ ကျနော် တစ်ယောက်ထဲပဲ ကျန်ခဲ့တယ်။
အဲ့နေ့က တနင်္ဂနွေဗျ။
အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ ဆိုတော့ အရာရာဟာ ပုံမှန်အတိုင်းပဲ လှည်ပတ်နေခဲ့တယ်။ ကျနော် လက်ဖက်ရည်ဆိုင်သွားတယ်။ နေ့လည် ၁၂ နာရီလောက်မှာ အိမ်ပြန်တယ်။ နေ့လည်စာကို ၁ နာရီလောက်မှ စားဖြစ်တယ်။ အဟာရမုန့် biscuits တွေပါပဲ။
ညနေ့ ၄ နာရီခွဲလောက်မှာ စက်ဘီး သွားစီးတယ်။ ငွေတောင် လို့ ခေါ်တဲ့ ရွာကိုပါ။ အပြန်လမ်း တောင်ပေါ်မှာရှိတဲ့ စေတီ ကို ဝင်တယ်။ ဘာရည်ရွယ်ချက်မှာမရှိဘူး။ ဒီတိုင်းပဲ။ တောင်ပေါ်ရောက်တော့ လယ်ကွင်းတွေကို ကျော်ပြီး အဝေးက မေယုတောင်တန်း ကိုကြည့်တယ်။ နွားတွေကို ကြည့်တယ်။ ပြန်မဆင်းခင် ခေါင်းလောင်းထိုး ချင်လာလို့ ထိုးလိုက်တယ်။
ညစာ ကို မြင့်မြတ်စံ မှာသွားစားတယ်။ စစ်တွေက ပြန်လာတဲ့ ကိုတင်ထွန်းခိုင် ကိုတွေ့တယ်။ သူနဲ့ အတူတူ ထိုင်ပြီး ညစာစားဖြစ်တယ်။ ကိုသိန်းထူးလာတယ်။ ပါဆယ်ယူပြီးပြန်သွားတယ်။ နောက် အသိနှစ်ယောက် ထက်လာတယ်။ ကိုအောင်နိုင်ရှေနဲ့ mechanic အကို (နာမည်တော့ ကျနော် မမှတ်မိတော့ဘူးဗျာ)။ သူတို့နဲ့ ဆက်ထိုင်ဖြစ်တယ်။ ည ၉ နာရီမှာ အိမ်ပြန်ခဲ့တယ်။
ထူးရှားမူ တစ်စုံတာရာမရှိပဲ ပုံမှန်လှည်ပတ်ပြီး တနင်္ဂနွေနေ့ဟာ အဆုံးသတ်သွားတယ်။
နောက်တစ်ရက်ကြာ ၃၀ ရက်နေ့မှာ ကျနော်ဆီကို message ဝင်လာတယ်။ ၂၈ ရက် တနင်္ဂနွေနေ့ မှာ ကျနော့် သူငယ်ချင်း ဆုံးသွားတယ်တဲ့။
ကျနော့် အခန်းဖော် ညီညီ စစ်တွေက ပြန်ရောက်တယ်။ ဘီယာ သောက်ကြတယ်။ ကျနော် ဘီယာဘူး ကိုင်ပြီး မျက်ရည်တွေကျလာတယ်။
အော် ဘာရယ်မဟုတ်ပါဘူး။ ၃လရှိသွားပြီ။

Isn't every day that we have a normal day an unusual day for someone else?
Three months ago today, on the 28th, I was in Maungdaw. It was one of those early days, we lived by candlelight after the powerful storm Mocha passed through. My roommate went back to Sittwe two days after the storm, so I was left alone at home.
That day was a Sunday.
Everything was going on as usual, like a typical Sunday holiday. I went to a tea shop. I returned home at noon. I had lunch at 1 o'clock – just some nutritional biscuits.
I went for a bike ride around 4:30 to the village called Ngew Taung. On the way back, I visited a stupa on the hill without any specific purpose.Yeah, just like that.
From the top of the hill, I looked at May Yu mountains across the fields in the distance, observing the cows. I wanted to troll the bell before going back down, so I did.
I went to have dinner at Myint Myat San. There, I met Ko Tin Tun Khine who had come back from Sittwe. I joined him for dinner. Ko Thein Htoo showed up, joining us briefly while he was waiting for his takeaway, and then he left.
Time passed and two acquaintances also showed up. Ko Aung Naing Chay and the mechanic (whose name I do not recall now). We continued to sit with them. I left for home at 9 pm.
Sunday ended just like that, with the usual routines, without any significant events or notable occurrences.
The day 30th came with a message that read my friend had passed away on Sunday the 28th.
My roommate came back. We had a beer together. My eyes welled up and shed tears while holding a can of beer.
Oh well, time rolled and it's been 3 months now.
Isn't every day that we consider normal an unusual day for someone else?