မင်းအပြုံးတွေ မတွေ့ရတာကြာပြီ

မတွေ့ဖြစ်တာကြာပြီးတဲ့နောက် ပထမဦးဆုံးအကြိမ် ထူးထူးဆန်းဆန်း ကျနော့်တူကို အိမ်မက် မက်တယ်။ မနက်အရုဏ်မတက်ခင် အချိန်မှာ မက်တဲ့အိမ်မက်ပဲ။ ဆောင်းတွင်းအိမ်မက် ကတောက်ကတက်လို့ ဆိုကြတယ် မဟုတ်လား။ သောချာတာကတော့ ကျနော် သူ့ကိုစိတ်စွဲပြီး အိမ်ပျော်သွားလို့ သူ့အကြောင်း အိမ်မက် မက်တာလို့ပဲထင်တယ်။ နေမကောင်းဘူးလို့ သိရတော့ စိုးရိမ်ပှုပန်မိတာ အမှန်ပဲ။

ကျနော့်ကို စိတ်ဆိုးနေလို့ စကားမပြောတာတဲ့။ သူပြောနေတုန်း အပြစ်ကင်းစင်တဲ့ သူ့ရဲ့မျက်နှာကိုပဲ ကြည့်နေမိတယ်။ ဖြေရှင်းချက်တွေ သူ့ကိုမပေးမိသလို မေးခွန်းတွေလည်း ပြန်မမေးမိဘူး။ ကျောင်းဝင်ခွင့်အတွက်ဆိုပြီး မကြာသေးခင်က သူဖြေထားတဲ့ အဖြေလွာစာရွက်တွေ ထုတ်ပြလာတယ်။ ဆရာမရဲ့မင်နီမှတ်ချက်တွေနဲ့ပြည့်လို့။ သင်္ချာတွေ ပြန်သင်ပေးမယ်လို့လည်း ဂတိတွေထက်ပေးမိပြန်တယ်။

ခဏနော် ဆိုပြီးပျောက်သွားတယ်။ ပြန်လာတော့ စာရွက်ကို အလည့်တည့်တည့်ကနေ နှစ်ဖက်အညီအမျှထားပြီးခေါက်ထားတဲ့ A4 စာရွက်တစ်ရွက်နဲ့။ အကို့ကောင်မလေးဆီက စာရောက်နေတာ မတွေ့ဖြစ်လို့ မပေးမိဘူးတဲ့။ ကျနော် ဖတ်ကြည့်တော့ အင်္ဂလိပ်စာလုံးတွေနဲ့ ပြည့်နေတယ် စာမျက်နာရဲ့ အပေါ်ပိုင်းမှာ “ခိုင်” ဆိုပြီး နှစ်ခါရေးထားတာတွေ့တယ်။ ပြုံးစိစိ မျက်နာနဲ့။ ကျနော် ဖတ်ပြီးရယ်တော့ သူ့လည်း လိုက်ရယ် ပါလေရော။

မင်းအပြုံးတွေ မတွေ့ရတာကြာပြီ။