🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

အားနာမိပါရဲ့

ကုန်လွန်ခဲ့တဲ့ 2009s နောက်ပိုင်းမှာ ကျနော်တို့ ဆယ်ကျော်သက်တွေအတွက် pen friends ထားတယ် ဆိုတာဟာ တစ်ခေတ်တစ်ခါရဲ့ trend တစ်ခုအဖြစ် ရှိခဲ့တယ်။ ကျနော်ရဲ့ pen friend ကတော့ Philippines ကပဲ။ သူက ကျနော်ထက် နှစ်နှစ်လောက် ငယ်မယ်။

ကျနော်တို့ email တွေအရှည်ကြီးရေးကြတယ်။ ပြောတဲ့အကြောင်းအရာတွေကတော့ အစုံပဲ — နေ့စဉ်ဘဝတွေအကြောင်း၊ သီချင်းနဲ့ပတ်သက်တဲ့အကြောင်း၊ ပွဲတော်ရက်တွေ၊ ကြည့်ဖြစ်တဲ့ရုပ်ရှင်တွေ၊ ဖတ်ဖြစ်တဲ့စာအုပ်တွေ စတဲ့ အကြောင်းအရာတွေပေါ့။

မိုးရာသီနေ့တစ်နေ့မှာ ကျနော် နာမည်လိပ်စာမူထားတဲ့ delivery တစ်ခုရောက်လာတယ် — DHL နဲ့ပို့လိုက်တာ။ အထုပ်ထဲမှာတော့ silicon နဲ့လုပ်ထားတဲ့ gecko တစ်ကောင်၊ card တစ်ခုနဲ့ စာအိတ်တစ်စောင်။ Card ထဲမှာတော့ Gecko ကို ကျနော် ကြောက်တတ်လို့ထည့်ပေးတာဆိုတဲ့အကြောင်း၊ ပြီးတော့ စာအိတ်ကို မဖတ်ခင်မှာ လုပ်ဆောင်ရမဲ့ အကြောင်းအရာတွေအကြောင်း ရေးထားတာ။

ရယ်စရာကောင်းပေမယ့် ကျနော် သူ့ရဲ့ instructions အတိုင်း စာအိတ်ကို မဖွင့်ဖတ်ခင်မှာ အသက်ကို ဖြေးဖြေးရှူပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ ဖတ်ခဲ့တယ်။ စာထဲမှာတော့ ကျနော်ကို သူငယ်ချင်းထက် ပိုတဲ့ ခံစားမှုတွေရှိလာနေပြီဆိုတဲ့ အကြောင်းကို ရင်ဖွင့်ထားတာပဲ။ စာမျက်နှာလေးရွက်။ ရေမွှေးနံတွေနဲ့ သင်းလို့။

နောက်နေ့မှာတော့ သူ့ဆီက email တစ်စောင်ရောက်လာတယ်။ DHL နဲ့ ပစ္စည်းပို့ထားတာနဲ့ ပတ်သက်ပြီး၊ လက်ခံရင် ပြန်ပြော ဆိုတဲ့ အကြောင်းပါ။ ကျနော် reply မပြန်ခဲ့ဘူး။ သူ့ဆီက emails တွေ ဆက်တိုက်လာခဲ့တယ်။ ကျနော်ကတော့ သူ့ဆီကို ပြန်စာတွေရေးတာ ရပ်လိုက်ပြီး၊ Social media ပေါ်မှာလည်း သူကို block လုပ်လိုက်မိတယ်။ သူဟာ ကျနော် block လုပ်ခဲ့တဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးလူပါပဲ။

နှစ်တွေ ပြောင်းလဲသွားတယ်။ ကျနော်တို့အသက်တွေလည်းကြီးလာခဲ့တယ်။

2019 Covid လအတွင်းမှာ WhatsApp ကနေ သူ ပထမဦးဆုံး စာပို့လာတယ်။ ဂရုစိုက်ဖို့နဲ့ အပြင်မထွက်ဖို့ အကြောင်းပါ။ အဲဒီနေ့ကစပြီး ကျနော်တို့ ပြန်ဆက်သွယ်မိကြတယ်။ အရင်လို အကြောင်းအရာအများကြီး မပြောဖြစ်တော့ဘူး။ Emails တွေလည်း မပို့ဖြစ်တော့ဘူး။ Christmas နဲ့ New Year မှာပဲ ကျနော်က သူကို well wishes ပို့တယ်။ သူကတော့ ကျနော် မွေးနေ့တိုင်း သတိရ ဆုတောင်းမေတ္တာတွေ ရေးပို့ပေးနေတုန်းပဲ။ ကျနော်လည်း ပြန်လည် ဆုတောင်းပေးချင်ပေမယ့် သူမွေးနေ့ကို မမှတ်မိတော့ဘူး။ မေးလည်း မမေးမိဘူး။

ဘာပဲဖြစ်ဖြစ် ကျနော်သူကို အားနာမိတယ်။ ကျနော်ကိုသိတဲ့ သူတွေ ပြောသလိုပါပဲ ကျနော်ဟာ နှလုံးသားမဲ့တဲ့သူ။ 

အားနာမိပါတယ်။ အားနာမိပါရဲ့။