🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

ယူကီ

အခုတော့တိုက်ပွဲတွေ ဖြစ်နေတဲ့ ဝိမလ (မောင်တော) မှာ ယူကီဟာ အရင်လိုလမ်းပျော်ဖိုက်တာ ဖြစ်နေတုန်းပဲလား ဘဝပြောင်းသွားပြီလားဆိုတာ ဘုရားသခင်ပဲသိတော့မယ်။

ယူကီဆိုတာ ဝိမလမှာ ဖိုက်တာ။ လမ်းပျော်ပဲ။ သူ့နောက်မှာ အနည်းဆုံး ဖော်လိုဝါ သုံးယောက်အမြဲရှိတယ်။ ညဖက် ကျနော့်တို့ လမ်းထဲကိုဝင်လာတဲ့ တစ်စိမ်းတွေကို ပညာပြရတာလည်း ကြိုက်တယ်။ ကျနော်တို့ ဝိမလကို စပြောင်းလာတော့ ယူကီတို့နဲ့ ငြှိလိုက်သေးတယ်။ နောက်ပိုင်း ငြိမ်းချမ်းရေး စာချုပ် လုပ်လိုက်မှ အဆင်ပြေသွားတာ။

သူ့မှာနာမည်တွေ အများကြီးရှိတယ်။ ယူကီဆိုတာကတော့ ကျနော်ပေးထားတာ။ ကျနော့် ဘေးအိမ်က ယူကီကို နေ့လည်စာ၊ ညစာ sponsor ပေးတယ်။ ဒါပေမဲ့ ညဆိုရင်တော့ သူ့ကို အိမ်ထဲကိုပေးမဝင်ဘူး။ ဆိုတော့ သနားစရာ ယူကီက လမ်းပေါ်မှာပဲ အိပ်ရတာ။ ကျနော်တို့ ဝိမလကို ပြောင်းလာတဲ့အချိန်က August အကုန်ဆိုတော့ မိုးရွာတုန်းပဲ။ တစ်နေ့ ကျနော် ရုံးကအပြန် သူ့ကို ခြံရှေ့မှာတွေတယ်။ မိုးရေထဲမှာ cold and shivering ဖြစ်နေတာကို မကြည့်နိုင်တော့ အိမ်ဝင်ခွင့် permit ပေးလိုက်မိတယ်။ အဲ့နောက်ပိုင်းကစပြီး ကျနော်ရုံးဆင်းအိမ်ပြန်တဲ့အချိန်ကို သူ့စောင့်တော့တာပဲ။

တစ်ခါတစ်လေ ကျနော့်အိမ်ပြန်နောက်ကျတဲ့ နေ့တွေဆိုရင် ကျနော့်အခန်းဖော်ညီညီနဲ့ ခြံထဲကို လိုက်ဝင်တယ်။ ပြီးရင် ကျနော့်တို့ အခန်းရှေ့က ထိုင်ခုံမှာတက်အိပ်တယ်။ ဘယ်တော့မှာ အောက်ကြမ်းခင်းပေါ် (floor) မှာအိပ်လေ့မရှိဘူး။ ညီညီနဲ့ ယူကီကလည်း အပေးအယူတည့်တယ်။ ညီညီ အရက်သောက်ပြီး မူးလာတဲ့နေ့တွေ၊ ဒါမှမဟုတ် ညစာဟင်းမကောင်းတဲ့ရက်တွေဆိုရင် ညီညီ့ညနေစာထမင်းဟာ ယူကီ့ညစာတွေ ဖြစ်လာတာကို။ ဒီလို့နဲ့ ယူကီဟာ ကျနော့်တို့နှစ်ယောက်ဆီမှာ အိမ်လခမပေးတဲ့ couchsurfer အခန်းဖေါ်အသစ်ဖြစ်လာတယ်။

အချစ်ဟာ မျက်နှာလိုက်တယ် ဆိုတာကို့ ကျနော် အပြည့်အဝထောက်ခံတယ်။ တစ်ချို့သော ရုံးပိတ်ရက်တွေ ကျနော် ဂျက်ကီတင်ဆွေ ကို အိမ်လည်ခေါ်လာရင် ယူကီကို ကျနော် အိမ်ထဲပေးမဝင်တော့ဘူး။ ယူကီကတော့ ညနေ သူ့ပုံမှန် အိပ်ချိန်ရောက်လာရင် ခြံရှေ့ကနေ အိမ်ထဲကိုပေးဝင်အိပ်ဖို့ ဆန္ဒပြလေ့ရှိတယ်။ ကျနော်ကလည်းဂျက်ကီ အတွက်နဲ့ သူ့အပေါ်နှလုံးသားမဲ့ခဲ့ပါတယ်။ သူ့ကို ပေးမဝင်ခဲ့ပါဘူး။ ဂျက်ကီပြန်သွားမှာ ယူကီဟာ အိမ်ဝင်ခွင့် permit ပြန်ရတာ။

ယူကီနဲ့ ကျနော်တို့ရဲ့ ရေစက်ဟာ ၂၀၂၃ ဂျုလိုင်လ ၂၈ ရက်မှာ ကုန်သွားခဲ့တယ်ဆိုရမယ်။ အဲ့နေ့ဟာ ကျနော်ရဲ့ ဝိမလ (မောင်တော) နောက်ဆုံးရက်ပါပဲ။ ကျနော် အိမ်က အထုတ်တွေနဲ့ ထွက်တော့ ယူကီဟာ သူအိပ်နေကျထိုင်ခုံပေါ်မှာပဲ။ အိပ်နေတယ်။ ဆူညံသံတွေကြောင့် ခုံပေါ်က ခေါင်းထောင်ကြည့်သေးတယ်။ ကျနော်ရုံးသွားတာဖြစ်ပြီး ညနေ့ပြန်လာမယ်လို့ သူထင်ကောင်းထင်နေမိမယ်။